www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, April 6, 2016

စ၀်စံထွန်းဆေးရုံကြီး နှင့် အမျိုးသမီးနှင့် ကလေးဆေးရုံ တို့ကို သင်ကြားရေးဆေးရုံ အဖြစ်သတ်မှတ်



တောင်ကြီး ၊ ၆-၄-၂၀၁၆

ဆေးတက္ကသိုလ် (တောင်ကြီး) ၏ သင်ကြားရေး ဆေးရုံများ အဖြစ် တောင်ကြီးမြို့ရှိ စဝ်စံထွန်း ဆေးရုံကြီးနှင့် အမျိုးသမီး နှင့် ကလေးဆေးရုံ တို့ကို သတ်မှတ်ထားပြီး ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသများရှိ ကျောင်းသား၊ ကျောင်းသူ များကိုပါ လက်ခံ သင်ကြားပေးလျက် ရှိကြောင်း သိရသည်။

''သက်ဆိုင်ရာ ဆေးတက္ကသိုလ် အလိုက် သင်ကြားရေး ဆေးရုံအဖြစ် ခွဲခြားသတ်မှတ် ပေးထားတယ်။ ရန်ကုန်မြို့မှာ ဆိုရင် သင်ကြားရေး ဆေးရုံကြီး အဖြစ် ရန်ကုန် ပြည်သူ့ဆေးရုံကြီး ကို သတ်မှတ်ထား ပါတယ်။ ဆရာဝန်လောင်း ဦးရေပေါ် မူတည်ပြီးတော့ တိုင်းဒေသကြီးနဲ့ ပြည်နယ် အလိုက် နှစ်စဉ်တိုးချဲ့ ခန့်ထားပေး ပါတယ်'' ဟု ကျန်းမာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ဆေးတက္ကသိုလ်များ တိုးချဲ့ ဖွင့်လှစ်ရခြင်းမှာ ကျန်းမာရေး စီမံကိန်းဖြစ် သည့် နှစ် ၃ဝ စီမံကိန်းအရ ဆရာဝန်နှင့် လူဦးရေ အချိုးမှာ လာမည့်နှစ် ၃ဝ အတွင်း တစ်အချိုး ၁၁ဝဝ ဖြစ်ရန် ရည်မှန်းထားခြင်း ဖြစ်ရာ ဆရာဝန်များ မွေးထုတ်ရာတွင် ယခုရှိနေ သည့် ဆေးတက္ကသိုလ် လေးခုအတိုင်း ပြည့်မီရန် မျှော်မှန်းထားသည်။ အဆိုပါ ဆေးတက္ကသိုလ်ကို ၂ဝ၁၃-၂ဝ၁၄ ခုနှစ်က စတင် ဆောက်လုပ်ခဲ့ပြီး ငွေကျပ် ၁၄ ဘီလီယံ အသုံးပြု တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဆေးတက္ကသိုလ် ၌ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ် အနီးတစ်ဝိုက်မှ ကျောင်းသား၊ ကျောင်းသူများကို တက်ရောက်ခွင့်ပြု ထားပြီး နှစ်စဉ် ကျောင်းသား၊ ကျောင်းသူ ၂ဝဝ ခန့် လက်ခံသင်ကြား ပေးနိုင်ရန်
လျာထားကြောင်း သိရသည်။

ဆေးတက္ကသိုလ် (တောင်ကြီး) သည်  အကျယ်အဝန်းမြေ ၄၆ ဧကပေါ်၌ တည်ဆောက် ထားသည့် သုံးထပ် အဆောက်အအုံ ဖြစ်သည်။ တစ်နိုင်ငံလုံး အတိုင်းအတာ အရ ဆရာဝန်ဦးရေ ၃၂ဝဝဝ ကျော် အထိရှိပြီး ယင်းတို့ အနက်မှ ဦးရေ ၁ဝဝဝဝ ကျော်ကိုသာ အစိုးရက နိုင်ငံ့ဝန်ထမ်း အဖြစ် ခန့်အပ် ထားကြောင်း ကျန်းမာရေး ဝန်ကြီးဌာနမှ သိရသည်။

ဇာဏီ

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger