www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, April 21, 2016

အပူချိန်မြင့်တက် လာခြင်းကြောင့် သင်္ကြန်ကာလ ပုဂံဒေသသို့ လာရောက်လည်ပတ်သည့် ပြည်ပခရီးသွားများ လျော့နည်းခဲ့



ညောင်ဦး ၊ ၂၁-၄-၂၀၁၆

ယခုနှစ် နွေဥတုကာလ အယ်လ်နီညို ရာသီဥတု အပူရှိန်ကြောင့် သင်္ကြန်ကာလ ပုဂံ ယဉ်ကျေးမှု ဒေသသို့ လာရောက် လည်ပတ်သည့် ပြည်ပ ခရီးသွားများ လျော့နည်း ခဲ့ကြောင်း ပုဂံဒေသ ဖွံ့ဖြိုးရေး အသင်းမှ သိရသည်။

၂ဝ၁၅ ခုနှစ် ဧပြီလတွင် ပုဂံဒေသ အပူချိန်သည် ၄၁၊ ၄၂ ဒီဂရီ စင်တီဂရိတ် ရှိခဲ့သော်လည်း ယခုနှစ် ဧပြီလတွင် အပူချိန် ၄၄၊ ၄၅ ဒီဂရီ စင်တီဂရိတ် ထိ မြင့်တက် လာကြောင်း သိရသည်။

''ဒီနှစ် ပုဂံမှာ သင်္ကြန်ရက် ခရီးသွား နည်းတယ်။ ရာသီဥတု ကလဲပူတယ်။ ဒီနှစ်က မနှစ်ကထက် အပူချိန်တွေ တိုးလာတယ်။ ခရီးသွား ကတော့ အများကြီး လျော့သွားတာ မရှိပါဘူး။ ပြီးတော့ ဧပြီလက ခရီးသွားတဲ့ ရာသီချိန်လဲ ဖြစ်ပါတယ်''ဟု ပုဂံဒေသ ဖွံ့ဖြိုးရေး အသင်းမှ ဥက္ကဋ္ဌ ဦးခင်မောင်နု က ပြောပြသည်။

ပြည်ပ ခရီးသွားများ အနေဖြင့် သင်္ကြန်ရက် များတွင် ပုဂံဒေသ၏ ရိုးရာဓလေ့ ရေကစားခြင်း များနှင့် ယိမ်းအက များတွင် ပါဝင်ဆင်နွှဲရန် နှစ်စဉ် လာရောက် ကြကြောင်း သိရသည်။ 

''မြန်မာနိုင်ငံမှာ အလွန်ထင်ရှားတဲ့ ပုဂံလို နေရာမျိုးကို သင်္ကြန်လို အချိန်မျိုးမှာ တခြား နေရာတွေနဲ့ စာရင် သွားလာမှု နည်းပါးတာ တွေ့ရတယ်။ အခုလို အချိန်မှာ ခရီးသွား အဝင် နည်းလာတဲ့ ပုဂံလို ဒေသမျိုးကို သွားရောက် လည်ပတ်မယ် ဆိုရင် ကောင်းပါတယ် '' ဟု Jovago ၏ မြန်မာနိုင်ငံ ဆိုင်ရာ မန်နေးဂျင်း ဒါရိုက်တာ Hugo Schleicher က ပြောပြသည်။

ယခုနှစ် သင်္ကြန်အတွင်း ခရီးသွားလာမှု တွင် ရာသီဥတု ပူပြင်းခြင်းကြောင့် ပြည်တွင်း၊ ပြည်ပ ခရီးသွား များသည် ချောင်းသာ၊ ငွေဆောင် ကမ်းခြေများနှင့် ထားဝယ်၊ မြိတ် စသည့်မြို့များသို့ အများဆုံး သွားရောက် ကြကြောင်း သိရသည်။

၂ဝ၁၅ ခုနှစ်တွင် ပုဂံဒေသသို့ ဧည့်သည် ဝင်ရောက်မှုသည် ဦးရေ ၂ သိန်း ၄ သောင်းကျော် ရှိခဲ့ပြီး ယခုနှစ် သင်္ကြန်ကာလ တွင် ကုန်ကျစရိတ် အပြီးအစီး ခရီးသွားခြင်းနှင့် သင်္ဘောဖြင့် ခရီးသွား လာမှုများ လျော့ကျ သွားကြောင်း သိရသည်။

ရတနာပုံနေ့စဉ် ၊ စာ(၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger