www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, April 21, 2016

မက္ကဒေးမီးယား အစေ့ကို ဂျပန်နှင့် ပါကစ္စတန်နိုင်ငံတို့က ၀ယ်ယူရန်ကမ်းလှမ်း



ရန်ကုန် ၊ ၂၁-၄-၂၀၁၆

မက္ကဒေးမီးယား အစေ့သည် ပြည်တွင်းပြည်ပ ဈေးကွက်ဝင်ပြီး ဈေးကောင်းလည်း ရရှိသဖြင့် လက်ရှိတွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) ၌ စီးပွားဖြစ် စိုက်ပျိုးလျက် ရှိကြောင်း သိရသည်။

ထို့ပြင် ချင်းပြည်နယ်နှင့် ကချင်ပြည်နယ် တို့၌လည်း စိုက်ပျိုးလျက် ရှိကာ ဂျပန်နှင့် ပါကစ္စတန်နိုင်ငံ တို့က မြန်မာနိုင်ငံမှ ထွက်ရှိသည့် မက္ကဒေးမီးယား အစေ့ကို ဝယ်ယူရန် ကမ်းလှမ်းမှုများ ရှိကြောင်း မက္ကဒေးမီးယား အစေ့စိုက်ပျိုး ထုတ်လုပ်သူများ အသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

''မက္ကဒေးမီးယား အစေ့ကို တချို့က ချောကလက် ထဲမှာ ထည့်သုံးဖို့၊ အလှကုန် ပစ္စည်း ထုတ်လုပ်ဖို့နဲ့ တခြား စားသောက်ကုန် တွေမှာ အသုံးပြုဖို့ ကမ်းလှမ်းတာပါ။ လက်ရှိမှာ ဒီလိုဝယ်ယူဖို့ ကမ်းလှမ်းနေ ပေမယ့် ပြည်တွင်း ထုတ်ကုန်က အထွက်နှုန်း နည်းနေသေး တာကြောင့် သူတို့ လိုအပ်သလောက် တင်ပို့မှုတွေ မလုပ်နိုင် မှာကိုစိုးရိမ်ပြီး အတည်မပြု ရသေးပါဘူး။ ပြည်ပက ကုန်ကြမ်းကို ဝယ်ယူဖို့ ကမ်းလှမ်း နေပေမယ့် ရရှိမယ့် အမြတ်အစွန်း နည်းသွား မှာကြောင့် တင်ပို့ခွင့် မပြုသေးပါဘူး'' ဟု ၄င်းက ဆက်လက် ပြောသည်။

မက္ကဒေးမီးယား အပင်သည် နှစ်ရှည်ပင် ဖြစ်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာ အရ ဧက ၁ဝဝဝ ကျော်သာ စိုက်ပျိုး ထားကြောင်း သိရသည်။

လက်ရှိတွင် မက္ကဒေးမီးယား အစေ့များကို ပြည်တွင်း စားသုံးရန် ထုတ်လုပ် ရောင်းချနေပြီး ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်ရှိ ဈေးဝယ်စင်တာ များ၌ ရောင်းချလျက် ရှိနေပြီ ဖြစ်သည်။

နောက်ပိုင်းတွင် မက္ကဒေးမီးယား အစေ့ကို ပိုမို တွင်ကျယ်စွာ ဖြန့်ဖြူး ရောင်းချရန် စီစဉ်လျက် ရှိပြီး မက္ကဒေးမီးယား အစေ့ကို ကြိတ်၍ ထွက်ရှိလာသည့် မက္ကဒေးမီးယား ဆီကိုလည်း ရောင်းချနိုင်ရန် စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

သီရိ

မြ၀တီနေ့စဉ် ၊ စာ(၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger