www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, March 9, 2016

ကုန်ရထားပြေးဆွဲခြင်း လုပ်ငန်းများ လုပ်ကိုင်နိုင်ရေးအတွက် တင်ဒါ အောင်မြင်ခဲ့သည် ကုမ္ပဏီ နှစ်ခုကို ထုတ်ပြန်ကြေညာ



ရန်ကုန် ၊ ၉-၃-၂၀၁၆

မြန်မာ့မီးရထားက ကုန်ရထား ပြေးဆွဲခြင်း လုပ်ငန်းများ လုပ်ကိုင် ဆောင်ရွက်နိုင်ရေး အတွက် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်း ကုမ္ပဏီများကို တင်ဒါ ခေါ်ယူခဲ့ရာ တင်ဒါတင်သွင်း လျှောက်ထား လာသည့် လုပ်ငန်း ကုမ္ပဏီများမှ တင်ဒါ အောင်မြင်သည့် ကုမ္ပဏီနှစ်ခုကို ထုတ်ပြန် ကြေညာပေး ခဲ့ကြောင်း အဆိုပါ ကုန်ရထား ပြေးဆွဲရန် တင်ဒါအောင် ကုမ္ပဏီများ ထုတ်ပြန် ကြေညာပွဲ အခမ်းအနား သတင်းများအရ သိရသည်။

အဆိုပါ တင်ဒါအောင် ကုမ္ပဏီများ ကြေညာပွဲ အခမ်းအနားကို ယခုနှစ် မတ် ၆ ရက်က ရန်ကုန်မြို့ဆူးလေရှန်ဂရီလာ ဟိုတယ်၌ ထုတ်ပြန် ကြေညာခဲ့ခြင်း ဖြစ်သည်။

အဆိုပါ တင်ဒါအောင် ကုမ္ပဏီများ ထုတ်ပြန် ကြေညာပွဲ အခမ်းအနားတွင် မြန်မာ့မီးရထား အနေဖြင့် ကုန်တင်ရထား ပြေးဆွဲနိုင်ရန် အတွက် တင်ဒါခြောက်မျိုး ခေါ်ယူထားသည့် အနက် တင်ဒါ နှစ်ခုအတွက် ဆီလုံးရထား တင်ဒါ နှစ်မျိုးအတွက် ထုတ်ပြန်ကြေညာ ပေးခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်-မန္တလေး ရထားလမ်းပိုင်း တွင် ဆီလုံးရထား အတွက် Asia Sun Logistic ကုမ္ပဏီနှင့် Resources Group ကုမ္ပဏီ တို့က ရရှိခဲ့ပြီး မန္တလေး-မြစ်ကြီးနား လမ်းပိုင်းအတွက် Asia Sun Logistic ကုမ္ပဏီတို့က ရရှိခဲ့သည်။

အဆိုပါ တင်ဒါ အောင်မြင်သည့် ကုမ္ပဏီများ အနေဖြင့် တရုတ်နိုင်ငံနှင့် ထိုင်ဝမ်နိုင်ငံ တို့မှ မီးရထား စက်ခေါင်းများနှင့် တွဲများကို ဝယ်ယူပြီး ရန်ကုန်-မန္တလေး လမ်းပိုင်းအတွက် မြင်းကောင်ရေ နှစ်ထောင်အား ရှိသည့် စက်ခေါင်း သုံးခေါင်း ၊ ဆီတင်တွဲ ၅ဝ၊ မန္တလေး-မြစ်ကြီးနား လမ်းပိုင်းအတွက် မြင်းကောင်ရေ နှစ်ထောင်အား ရှိသည့် စက်ခေါင်း သုံးခေါင်း၊ ဆီတင်တွဲ ၄ဝ ကို ဝယ်ယူ တင်သွင်းပြီး ဆီများ သယ်ဆောင် နိုင်မည်ဖြစ်ကြောင်း သိရသည်။ (၃၃၆)

ရတနာပုံနေ့စဉ် ၊ စာ(၁၀)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger