www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, March 9, 2016

ဆေးတက္ကသိုလ်(၁) ရန်ကုန်ကို နိုင်ငံတကာ အသိအမှတ်ပြုလက်မှတ် ရရှိရန် ဆောင်ရွက်လျက်ရှိ



ရန်ကုန် ၊ ၉-၃-၂၀၁၆

နိုင်ငံတကာ အသိအမှတ်ပြု တက္ကသိုလ် အဖြစ် ရပ်တည်နိုင်ရန် ဆေးတက္ကသိုလ်(၁) ရန်ကုန်ကို ISO 9001:2015 နိုင်ငံတကာ အသိအမှတ်ပြု လက်မှတ် ရရှိရေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ယင်းအတွက် အမေရိကန်နိုင်ငံ အခြေစိုက် ABS(Quality Evaluations ) မှ ပထမဆုံး သင်ကြားပို့ချ ခဲ့သော ISO 9001:2015 Certificate သင်တန်းအား ဆေးတက္ကသိုလ် (၁) ရန်ကုန်ရှိ သင်တန်းသားများ မတ် ၅ ရက်နှင့် ၆ ရက်က တက်ရောက် ခဲ့ကြောင်း သိရသည်။

ယင်းသင်တန်းကို စင်ကာပူနိုင်ငံရှိ ABS Quality Evaluations rS Country မန်နေဂျာ မစ္စတာ James Chan နှင့် မြန်မာနိုင်ငံမှ Lead Auditor ဦးဇော်ဝင်းအေး တို့က ပို့ချ ခဲ့ကြောင်း သိရသည်။

ထိုသို့ နိုင်ငံတကာ အသိအမှတ်ပြု လက်မှတ်ရရှိရန် ဆောင်ရွက်ခြင်းသည် တက္ကသိုလ် ၏ အရည်အသွေးများ ပိုမိုမြင့်မား လာရုံသာမက လစ်ဟာမှုများ လျော့နည်းသွားစေ ရန်လည်းကောင်း၊ နိုင်ငံတကာ အသိအမှတ်ပြု တက္ကသိုလ်အဖြစ် တွင်ကျယ်စွာ ရပ်တည် နိုင်ရန် လည်းကောင်း ABSQE ရယူရန် ပြင်ဆင်လျက်ရှိသော ဆေးတက္ကသိုလ်(၁) မှ ISO 9001:2015 နိုင်ငံတကာ အသိအမှတ်ပြု လက်မှတ်အား ရရှိရန် ဆောင်ရွက်လျက် ရှိရာ နိုင်ငံပေါင်း ၁၇ဝ ကျော်မှ အသိအမှတ်ပြု ကျင့်သုံးနေသည့် ISO 9001:2015 Internal Auditor သင်တန်းအား တက်ရောက် ဆည်းပူးခဲ့ ကြခြင်းဖြစ်သည်။

အဆိုပါ ISO 9001:2015 Internal Auditor သင်တန်း၌ ဆေးတက္ကသိုလ်(၁) ရန်ကုန်မှ တက္ကသိုလ် ဆရာ၊ ဆရာမများ၊ ပါမောက္ခများ နှင့် ဌာနမှူးများ စုစုပေါင်း ၄ဝ ဦးတို့ တက်ရောက်ခဲ့ ကြပြီး သင်တန်း၌ ABS Quality Evaluations မှ Country မန်နေဂျာ မစ္စတာ James Chan နှင့်  Lead Auditor ဦးဇော်ဝင်းအေး တို့က ISO Standards များနှင့် Auditing Techniques များ၏ အကြောင်းအရာ များကို ရှင်းလင်းပို့ချ ပေးခဲ့ကြောင်း သိရသည်။ (၄၄၃)

မြ၀တီနေ့စဉ် ၊ စာ(၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger