( ရှိန်းထက် )
အိန္ဒိယနှင့် အာဆီယံ စီးပွားရေး ဆက်ဆံမှုသည် ၁၉၉၁ ခုနှစ်မှ စတင်ကာ ဆယ်စုနှစ်တစ်ခု ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ သို့သော် အိန္ဒိယသည် သူ၏ ပထမတန်းစား ကုန်သွယ်ဖက် အမေရိကနှင့် ဥရောပ နိုင်ငံများဆီ သို့သာ စီးပွားရေး လမ်းကြောင်းများကို တိုးမြှင့်ဖောက်လုပ် ခဲ့ပြီး အာဆီယံဆီ သို့ ခြေလှမ်းများ တုံ့ဆိုင်းခဲ့သည်။
ယခုအခါ အိန္ဒိယသည် အာဆီယံကို မဖြစ်မနေ ကြည့်ရမည့် အခြေအနေသို့ ဆိုက်ရောက် လာသည်။ ကမ္ဘာပေါ်၌ စီးပွားရေး အလျင်မြန်ဆုံး ဖွံ့ဖြိုးသူများ ထဲတွင် အာဆီယံသည် ထိပ်ဆုံးသို့ ရောက်ရှိလာသည်။ ကမ္ဘာ့ အရှေ့ဘက်ရှိ အင်အားကြီး နှစ်နိုင်ငံ စလုံးသည် အာဆီယံ စီးပွားရေး အသိုက်အဝန်းကို အပြိုင်အဆိုင် စိတ်ဝင်စား လာကြသည်။ ထိုနှစ်နိုင်ငံ စလုံးမှ ကာကွယ်ရေး ဝန်ကြီးများ၊ စီးပွားရေး ဝန်ကြီးများနှင့် နိုင်ငံခြားရေး ဝန်ကြီးများသည် အာဆီယံ နိုင်ငံများသို့ ချောင်းပေါက် မတတ် ရောက်လာ ခဲ့ကြသည်။ အာဆီယံဒေသ သည် တရုတ်ပြီးလျှင် တတိယမြောက် အိန္ဒိယ၏ အကြီးမားဆုံး ကုန်သွယ်ဖက် ဖြစ်သည်။
၂ဝ၁၅ ခုနှစ်မှ စတင်ကာ အိန္ဒိယသည် အာဆီယံဒေသတွင်း နိုင်ငံများနှင့် စီးပွားရေး အရ ချစ်ကြည်ရေးများ တိုးမြှင့် ဆောင်ရွက် လာခဲ့သည်။ ၂ဝ၁၆ ခုနှစ်တွင် ထိုအရှိန်ကို ထပ်မံတိုးမြှင့် လိုက်ပြီး ဖေဖော်ဝါရီလ တွင်နယူးဒေလီ၌ ကျင်းပသော (၈) ကြိမ်မြောက် အာဆီယံ-အိန္ဒိယ စီးပွားရေး ဆွေးနွေးပွဲတွင် လည်း ရင်းနှီးမြှုပ်နှံမှုများ အလုံးအရင်းနှင့် တိုးမြှင့်ရန် သဘောတူညီ ခဲ့ကြသည်။ အိန္ဒိယ နှင့် တရုတ်တို့သည် See East ဟုခေါ်သော အရှေ့မျှော်မူဝါဒကို ကျင့်သုံး နေကြသည့် နိုင်ငံများ ဖြစ်သည်။
ထို့ကြောင့် ယင်း အင်အားကြီး နှစ်နိုင်ငံသည် တစ်ပြိုင်နက်တည်း အာဆီယံသို့ အပြိုင် ဝင်လာသည်။ ထို့ပြင် ယခင်က စစ်ရေးအရ ပူးပေါင်းမှုများ မရှိသော အိန္ဒိယသည် အာဆီယံ ဒေသတွင်းနိုင်ငံ များနှင့် စီးပွားရေးအရ သာမက စစ်ရေးအရပါ ပူးပေါင်း ဆောင်ရွက်လျက် ရှိသည်။ သူ၏ အိမ်နီးချင်း ပြိုင်ဘက် တရုတ်ကို အာရှ ချိန်ခွင်လျှာ ညှိနိုင်ရန် အိန္ဒိယသည် စီးပွားရေး သာမက စစ်ရေးအရပါ အာဆီယံနိုင်ငံ များနှင့် ပူးပေါင်းရန် လိုသည်။
တရုတ်သည် ထိုင်းနှင့် မလေးရှား၌ ထိရောက်သည့် စစ်ရေးအရ ရပ်တည်လျက် ရှိသည်။ စီးပွားရေးတွင်လည်း တရုတ်သည် ထိုင်းကို ရာခိုင်နှုန်းအရ အပိုင် သိမ်းထားပြီး အာဆီယံနိုင်ငံ အားလုံးနီးပါး သည် တရုတ် နှင့် မကင်းရာ မကင်းကြောင်း ရှိသူများ ဖြစ်ကြသည်။ ယခုအိန္ဒိယ၏ စိတ်ဝင်စားမှု အရှိဆုံး အာဆီယံ နိုင်ငံများမှာ ဗီယက်နမ် ၊ ကမ္ဘောဒီးယား၊ လာအိုနှင့် မြန်မာနိုင်ငံတို့ ဖြစ်သည်။ ယင်း လေးနိုင်ငံသည် အခြေခံ စီးပွားရေး အဆောက်အအုံ ပိုင်းတွင် အားနည်းသော နိုင်ငံများလည်း ဖြစ်သည်။
ထို့ကြောင့် အိန္ဒိယသည် ထိုလေးနိုင်ငံ နှင့် ဆက်ဆံရေး အကောင်းဆုံး ရယူနိုင်ရန် ပထမဆုံး ကြိုးပမ်းလျက် ရှိသည်။ ထို့ပြင် အာဆီယံကို စစ်ရေးအရ ပထမဆုံး ကြိုတင် ကာကွယ်ပေးသည့် အနေဖြင့်လည်း အာဆီယံ
ရေပိုင်နက် များနှင့် တောင်တရုတ် ပင်လယ်ပြင်၌ အမေရိကန် နှင့် ပူးပေါင်း ကင်းလှည့်ရန် သဘောတူ ထားပြီး ဖြစ်သည်။
ထို့ကြောင့် ၂ဝ၁၆ ခုနှစ် နှစ်ဆန်းပိုင်း မှာပင် အိန္ဒိယသည် အာဆီယံကိုမျက်နှာသာ ပေးမှုများ သိသိသာသာ ရှိလာခဲ့သည်။ ထို့နောက် အိန္ဒိယ၏ အခွန် ကင်းလွတ်သည့် ကုန်သွယ်မှု များသည် အာဆီယံနိုင်ငံ များဆီသို့ တဖွဲဖွဲရောက်ရှိ လာတော့မည်မှာ ကျိန်းသေ နေသည်။
အာဆီယံသည် တရုတ်နှင့် တောင်တရုတ် ပင်လယ်ပြင် အငြင်းပွားမှု တွင် အများဆုံး ပါဝင်ပတ်သက် နေသည့် အသိုက်အဝန်း ဖြစ်သည်။ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မလေးရှား နှင့် ဘရူနိုင်းနိုင်ငံ တို့သည် တောင်တရုတ်
ပင်လယ်ပြင် ရှိ စပရက်တလီ ကျွန်းစုများ အငြင်းပွားမှုတွင် ပါဝင်ပတ်သက် နေပြီး တရုတ်နှင့် စီးပွားရေးအရ ဆက်ဆံမှု အကောင်းမွန်ဆုံး နေရာတွင်ရှိနေသူများ ဖြစ်သည်။ ယခုတော့ ထိုနိုင်ငံများရှိ လူထု စစ်တမ်းများက တရုတ်ကို အယုံအကြည် နည်းလာကာ တရုတ်နှင့် စီးပွားရေး အရ ဆက်ဆံမှုကို မရှိမဖြစ် အရေးကြီး၍ သာ လက်ခံထား ရသည်ဟု ဖော်ပြ ကြသည်။
တရုတ် ဆန့်ကျင်ရေးများ လှုပ်ရှားလာ ကြသည်။ တရုတ်နေရာ ၌သာ အကောင်းမွန်ဆုံး အစားထိုး နိုင်သူတွေ့လျှင် ထိုနိုင်ငံ များသည် တရုတ်ဘက်သို့ အလေးလျော့ သွားမည် ဖြစ်သည်။ ယခု အာဆီယံသို့ အိန္ဒိယ ဝင်ရောက် လာပြီဖြစ်သည်။ တောင်တရုတ် ပင်လယ်ပြင် အငြင်းပွားမှုက အိန္ဒိယ အတွက် တစ်ပန်းသာ နေသည်။ ထို့ကြောင့် တောင်တရုတ် ပင်လယ်ပြင် အရေးကိုလည်း ပြောင်ပြောင် တင်းတင်း ဝင်ရောက် ပတ်သက် လာသည်။
တောင်တရုတ် ပင်လယ်ပြင်၌ အမေရိကန်နှင့် ပူးပေါင်း ကင်းလှည့်ရေး သည် အိန္ဒိယအပေါ် တရုတ်၏ အမျက်ဒေါသ ကျိန်းသေ ရောက်ရှိ သွားမည် ဖြစ်သည်။
တစ်ဖက်တွင် တရုတ်က သူ့နိုင်ငံ၏ စီးပွားရေးကျဆင်း လာသောကြောင့် အိန္ဒိယအား ဆက်ဆံရေး မဖြတ်နိုင် သည်ကို သိသော အိန္ဒိယသည် အာဆီယံ၏ နာမည်ကောင်း ပေးမှုကို တောင်တရုတ် ပင်လယ်ပြင်၌ ကင်းလှည့်ကာ တရုတ်ကို ဆန့်ကျင်မှုဖြင့် ပြသည်။ ယခု အမေရိကန် ကလည်း တောင်တရုတ် ပင်လယ်ပြင်သို့ သူ၏ လေယာဉ်တင် သင်္ဘောအုပ်စု တစ်စုကို စေလွှတ်ထားပြီး လေကြောင်း အတွက် ဂျပန်နှင့် ပူးပေါင်း ကင်းလှည့်မည် ဖြစ်သည်။
ထို့ကြောင့် တရုတ်တို့၏ စစ်တပ် အင်အားကို ထိန်းချုပ်မည့် အမေရိကန် ဦးဆောင်သည့် အစီအစဉ်သည် အာရှပစိဖိတ် တွင် ပိုမို အကောင်အထည် ပေါ်လာပြီ ဖြစ်သည်။ အာရှပစိဖိတ် တွင် အကြီးမားဆုံး စစ်ရေး လေ့ကျင့်မှု တစ်ခုဖြစ်သည့် အိန္ဒိယ၊ အမေရိကန်၊ သြစတြေးလျ၊ ဂျပန်တို့၏ မာလာလာ ပူးပေါင်းစစ်ရေး လေ့ကျင့်မှု ရှိသကဲ့သို့ ယခု အမေရိကန်၏ တောင်တရုတ် ပင်လယ်ပြင် သို့ ရောက်ရှိလာမည့် လေယာဉ်တင် သင်္ဘောအုပ်စု၊ တောင်ကိုရီးယား ရှိ လေကြောင်းရန် ကာကွယ်ရေး စနစ် THAAD ၊ ဂျပန်ရှိ စစ်အခြေစိုက် စခန်း၊ ဂျပန်စစ်တပ် နှင့် အိန္ဒိယစစ်တပ် တို့သည် တရုတ်ကို အကောင်းမွန်ဆုံး ထိန်းချုပ်ပေးမည့် သူများ ဖြစ်လာသည်။
ထို့ကြောင့် တရုတ်ကလည်း သူ၏ စစ် အသုံးစရိတ်ကို ၂ဝ၁၆ ခုနှစ်တွင် ၃ဝ ရာခိုင်နှုန်းအထိ တိုးမြှင့် အသုံးပြုရန် ဆွေးနွေးခဲ့သည့် နောက်ဆုံး ယခု ၈ ရာခိုင်နှုန်း နှင့်သာ အဆုံးသတ် ခဲ့သည်။ တရုတ်စစ်တပ် တွင် အားနည်းချက် တစ်ခုရှိသည်။ ခရီးရှည် ပျံပြီး စစ်ဆင်ရေး တာဝန် ထမ်းဆောင်နိုင်သည့် မဟာဗျူဟာမြောက် တာဝေး ဗုံးကြဲလေယာဉ်များ မရှိခြင်းပင် ဖြစ်သည်။ အကယ်၍ တောင်တရုတ် ပင်လယ်ပြင်၌ ပြဿနာ တစ်ခုခုပေါ်လာခဲ့ပါက ဂျပန်ရှိ နျူကလီးယား သယ်ဆောင် နိုင်သော B-52 ဗုံးကြဲလေယာဉ် များသည် ချက်ချင်း ရောက်လာမည် ဖြစ်သည်။
B-52 ဗုံးကြဲလေယာဉ်သ ည် မိုင်ပေါင်း ၇၆၅ဝ အထိ မရပ်ဘဲ ပျံသန်းနိုင်ပြီး တရုတ်စစ်တပ် အတွက် လိုအပ်ချက်သည် ထို လေယာဉ်မျိုး ဖြစ်သည်။ ယခု တရုတ်သည် တောင်တရုတ် ပင်လယ်ပြင် အတွက် အမေရိကန်ကို အမျက်ထွက် နေစဉ်မှာပင် အိန္ဒိယကပါ နောက်ထပ် ပါဝင်ပတ်သက် လာသည့်အတွက် ထိုးနှက်ချက်ကြီး တစ်ခုဖြစ်သည်။ ထို့ပြင် ကင်းလှည့် ကာကွယ်ရေးကို အကြောင်းပြုပြီး အာဆီယံရှိ သူ၏ဈေးကွက် များကိုလည်း အိန္ဒိယက လုယူဦးမည် ဖြစ်သည်။
အိန္ဒိယ၏ အားအထားရဆုံး ကဏ္ဍသည် IT ကဏ္ဍဖြစ်သည်။ ကမ္ဘာ ပေါ်၌ IT ကဏ္ဍ အဖွံ့ဖြိုးဆုံး နိုင်ငံကို အိန္ဒိယဟု သတ်မှတ် ထားသည်။ ထို့ကြောင့် အိန္ဒိယသည် သူအားအထား ရဆုံး IT ကဏ္ဍ အပါအဝင် အခြေခံ စီးပွားရေး အဆောက်အဦ အပိုင်းနှင့် အိန္ဒိယ စီးပွားရေး ဈေးကွက်ကို အာဆီယံ ဒေသတွင်း နိုင်ငံများ၌ တရုတ်နှင့် အပြိုင် မကြာမီ နှစ်ဆတိုး ဖွင့်လှစ်တော့မည် ဖြစ်ပါကြောင်း ရေးသား လိုက်ရသည်။
မြ၀တီနေ့စဉ် ၊ စာ(၂၄)
No comments:
Post a Comment