www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, March 17, 2016

ဆေးဝါးဖြင့် အမြန်မှည့်စေရန် ပြုလုပ်ထားသော သီးနှံများစားသုံးခြင်းဖြင့် အရွယ်မတိုင်မီ အိုမင်းရင့်ရော်မှုကို ဖြစ်စေနိုင်



ဓာတုဆေးဝါးဖြင့် အမြန်မှည့် စေရန် ပြုလုပ်ထားသော သီးနှံများ စားသုံးခြင်းဖြင့် အရွယ်မတိုင်မီ အိုမင်းရင့်ရော် မှုကို ဖြစ်စေ နိုင်ကြောင်း ဖေဖော်ဝါရီ ၁၅ ရက်က ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်၌ ပြုလုပ်ခဲ့သော ကမ္ဘာ့ စားသုံးသူ အခွင့်အရေးများနေ့ အခမ်းအနား တွင် ဝင်းဝင်း ပရဟိတ ကျန်းမာရေး စောင့်ရှောက်မှု အဖွဲ့မှ ဒေါက်တာ ဉာဏ်မြတ်မင်း က ပြောသည်။

အသီးအနှံများကို အမြန်မှည့် စေရန် ပြုလုပ်သော ဆေးများသည် အသီးအနှံ များအား အချိန်မတိုင်မီ မှည့်စေသကဲ့သို့ စားသုံးသူ များကိုလည်း အရွယ်မတိုင်မီ အိုမင်းရင့်ရော် မှုကို ဖြစ်စေ နိုင်ကြောင်း သိရသည်။

အဆိုပါ ဆေးဝါး အသုံးပြု ထားသော သီးနှံများ စားသုံးခြင်းကြောင့် အမျိုးသမီးများ အနေဖြင့် သားသမီး မရနိုင်ခြင်းနှင့် ကင်ဆာ ကဲ့သို့သော ရောဂါများ ဖြစ်ပေါ် စေနိုင်ကြောင်း သိရသည်။

ယခုကဲ့သို့ သီးနှံများ အမြန်မှည့် စေရန် အသုံးပြုသော ဆေးဝါးများသည် ပိုးသတ်ဆေး တစ်မျိုးတည်း သုံးသော သီးနှံများထက် ပို၍ အန္တရာယ် ဖြစ်စေနိုင်ကြောင်း သိရသည်။

ပိုးသတ်ဆေးသည် စိုက်ပျိုးရေး လုပ်ငန်းများ အတွက် သုံးစွဲရန် လိုအပ်၍ အသုံးပြု နေရသော ဆေးမျိုး ဖြစ်သော်လည်း သီးနှံ အမြန်မှည့် ဆေးဝါးများမှာ အသုံးပြုရန် မလိုအပ်ဘဲ လောဘစိတ်ဖြင့် သုံးစွဲနေ ခြင်းကြောင့် ပိုမိုအန္တရာယ် ဖြစ်စေကြောင်း သိရသည်။

သီးနှံများသည် အသီးအနှံ အမျိုးအစားပေါ်  မူတည်၍ သဘာဝအတိုင်းမှည့်နိုင်မည် ဖြစ်သော်လည်း အမြန် ရောင်းချရန် မလိုအပ်ဘဲ ဆေးဝါးများ အသုံးပြုခြင်း ကြောင့် စားသုံးသူ ပြည်သူများတွင် မလိုလား အပ်သော ရောဂါများ ခံစားရနိုင်ကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger