www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, March 3, 2016

တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူ ၁၀၀ ဦးကို ကျန်းစု သက်မွေးတက္ကသိုလ် နှင့် ကောလိပ်ငါးခုသို့ စေလွှတ်မည်


ရန်ကုန် ၊ ၃-၃-၂၀၁၆

တရုတ်နိုင်ငံ ကျန်းစုပြည်နယ် ရှိ သက်မွေး တက္ကသိုလ်နှင့် ကောလိပ်ငါးခု သို့ မြန်မာနိုင်ငံ မှ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူ ၁ဝဝ ဦး စေလွှတ်မည် ဖြစ်ကြောင်း မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း(ဗဟို)မှ သိရသည်။

ပညာတော်သင် ၁ဝဝ ဦး လျာထားစိစစ် ရွေးချယ်ခြင်းကို ဖေဖော်ဝါရီလ တွင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး ဧပြီ ၁ ရက်တွင် စတင် တက်ရောက် ရမည်ဖြစ်သည်။

''သက်မွေးပညာသင် သွားဖို့အတွက် တက္ကသိုလ်၊ ကောလိပ်တွေမှာ သင်ရမယ့် သက်ဆိုင်ရာ ဘာသာရပ် အလိုက် သက်ဆိုင်တဲ့ ဝန်ကြီးဌာန တွေကို ဖြန့်ဝေပေး လိုက်တယ်။ ဝန်ကြီးဌာန တွေက သူတို့ရဲ့ လက်အောက်မှာရှိတဲ့ တက္ကသိုလ် အသီးသီး ကနေ ပညာသင် ရွေးချယ်တယ်။ ပြီးတော့ နည်းပညာနှင့် သက်မွေးပညာ ဦးစီးဌာနက အရွေးခံ ရတဲ့ လူအားလုံးကို စုစည်းပြီး ဖေဖော်ဝါရီလ ထဲမှာ ရွေးချယ်ခဲ့ တာပါ'' ဟု မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း(ဗဟို) အလုပ် အမှုဆောင် အဖွဲ့ဝင် ဦးစိန်ညွန့် က ပြောသည်။

သက်မွေးပညာ သင်သွားရန် ပညာရေး ဝန်ကြီးဌာန၊ ကျန်းမာရေး ဝန်ကြီးဌာန၊ မွေးမြူရေး၊ ရေလုပ်ငန်း နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာနနှင့် သမဝါယမ ဝန်ကြီးဌာနတို့မှ သက်မွေးပညာ သင်လူငယ် များကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

ပညာတော်သင် ရွေးချယ်ခံရသူ များသည် တရုတ်နိုင်ငံ ကျန်းစုပြည်နယ်ရှိ Nanjing Institute of Industry ၊ Changzhou Vocational of Engineering ၊ Yangzhou Polytechnic Institute ၊ Jisngsu Agri-Animal Husbandry Vocational College နှင့် Suzhou Health College တို့၌ သက်မွေးပညာ ဒီပလိုမာ သုံးနှစ်သင်တန်း တက်ရောက် သင်ကြားရမည် ဖြစ်ပြီး ဒီပလိုမာ ရရှိပြီးနောက် အဆင့်မီ သူများသည် ဘွဲ့သင်တန်း အတွက် နှစ်နှစ်ထပ်မံ တက်ရောက် နိုင်မည် ဖြစ်ကြောင်း သိရသည်။

ဇာဏီ

မြ၀တီနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger