www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, March 25, 2016

အယ်လ်နီညို ရာသီဥတုကြောင့် ဖြစ်ပေါ်လာသည့် အပူဒဏ်မှကာကွယ်ရန် ရေကစားသူများအတွက် ရေးကစားချိန် သတ်မှတ်ပေး



မန္တလေး ၊ ၂၅-၃-၂၀၁၆

ရေကစားသူများ အတွက် ရေကစားချိန် သတ်မှတ် ပေးခြင်းသည် အယ်လ်နီညို ရာသီဥတု ကြောင့် ဖြစ်ပေါ်လာသည့် အပူဒဏ်မှ ကာကွယ်ပေးခြင်း ဖြစ်ကြောင်း မန္တလေး မြို့တော် စည်ပင် သာယာရေး ကော်မတီ အခွန်ဌာနမှူး ဦးစိုးသန်း ထံမှ သိရသည်။

ယခင်နှစ်က ရေကစားချိန်ကို နံနက် ၇ နာရီမှ မွန်းတည့် ၁၂ နာရီ၊ မွန်းလွဲ ၂ နာရီမှ ည ၆ နာရီထိ သတ်မှတ်ပေး ခဲ့သော်လည်း ယခုနှစ်တွင် အယ်လ်နီညို ရာသီဥတုကြောင့် ရေကစားသူများ အပူဒဏ် ကာကွယ်နိုင်ရန် ရေကစား ချိန်ကို နံနက် ၈ နာရီမှ မွန်းတည့် ၁၂ နာရီ၊ ညနေ ၃ နာရီမှ ည ၆ နာရီ အတွင်းသာ ရေကစားကြ ရမည် ဖြစ်ကြောင်း ၄င်းက ဆက်လက် ပြောပြသည်။

အဆိုပါ အယ်လ်နီညို ရာသီဥတု ဖြစ်စဉ်ကြောင့် ရေချို ရှားပါးမှုကို ကြိုတင်ပြင်ဆင် သည့်အနေဖြင့် ကျုံးရေ အသုံးပြုမှု များကို ခွင့်ပြု ထားပြီးသော ရေကစားမဏ္ဍပ် များသည် ကျုံးအရှေ့ ဘက်တွင် ၁၁ ခု ၊ ကျုံးတောင်ဘက် တွင် ၁ဝ ခု၊ ကျုံးမြောက်ဘက် တွင် ၄ ခု၊ ကျုံး အနောက်ဘက် တွင် ၈ ခုနှင့် မြို့တွင်းတွင် ၇ ခု ဖြစ်ကြောင်း၊ ခွင့်ပြုချက် မရှိသော ရေကစား အဖွဲ့များသည် ကျုံးရေကို ရေစုပ်စက် များဖြင့် စုပ်ယူခွင့် မပြုကြောင်း၊ ခွင့်ပြုချက်  ရပြီးသော ရေကစားမဏ္ဍပ် များကလည်း အသုံးပြုမည့် ရေစုပ်စက် အရေအတွက် ရေပိုက် အရွယ်အစားကို ကြိုတင်တင်ပြ ရမည် ဖြစ်ကြောင်း သိရသည်။

ရတနာပုံနေ့စဉ် ၊ စာ(၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger