www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, March 21, 2016

အမေရိကန်နှင့် ရုရှားအာကာသယာဉ်မှူးများ စကော့ကယ်လီ ၏ စံချိန်ချိုးရန် နိုင်ငံတကာ အာကာသစခန်းသို့ ထွက်ခွာ


Soyuz TMA-20M docks and delivers three new crewmembers to the ISS


ဝါရှင်တန် ၊ ၂၁-၃-၂၀၁၆

အမေရိကန်နှင့် ရုရှား အာကာသယာဉ်မှူး များ ပါဝင်သော အဖွဲ့သည် မတ် ၁၈ ရက်က နိုင်ငံတကာ အာကာသစခန်း သို့ ထွက်ခွာသွား ခဲ့ကြောင်း နှင့် အာကာသတွင် အချိန်အကြာဆုံး နေထိုင်ပြခဲ့သော အမေရိကန် အာကာသယာဉ်မှူး စကော့ကယ်လီ ၏ စံချိန်ကို ချိုးရန် ရည်ရွယ်ကြောင်း သိရသည်။

အမေရိကန် အာကာသယာဉ်မှူး ဂျက်ဖ်ဝီလျံ (နာဆာ)၊ ရုရှား အာကာသယာဉ်မှူး အိုလက်ဂ်စကရီပိုခါ (ရုရှား) နှင့် အလက်ဆီ အော့ဗ်ချီနင် (ရုရှား)တို့ သုံးဦးသည် ဆိုယုဇ် အာကာသယာဉ် ဖြင့် မတ် ၁၈ ရက် ဒေသ စံတော်ချိန် ညနေ ၅ နာရီ ၂၆ မိနစ်က ကာဇစ္စတန်နိုင်ငံ၊ ဘိုင်ကိုနူး ဒုံးလွှတ်စခန်းမှ ဒုံးကျည်လွှတ်တင် ထွက်ခွာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

နိုင်ငံတကာ အာကာသ စခန်းပေါ်တွင် အမေရိကန် အာကာသယာဉ်မှူး တင်မ်ကိုပရာ၊ ဗြိတိသျှ အာကာသ ယာဉ်မှူး တင်မ်ပစ်နှင့် ရုရှား အာကာသယာဉ်မှူး ယူရိမာလင်ချင်ကို တို့က အသင့်စောင့်ဆိုင်း နေမည် ဖြစ်သည်။  အဆိုပါ အမေရိကန်နှင့် ရုရှား အာကာသ ယာဉ်မှူးများ လိုက်ပါသွားသော ဆိုယုဇ် TMA-20 M အာကာသယာဉ်သည် သတ်မှတ်ပတ်လမ်း ထဲသို့ ရောက်ရှိပြီး တည်ငြိမ်စွာဖြင့် လမ်းကြောင်းအတိုင်း လှည့်ပတ်ကြောင်း သိရသည်။

နာဆာအပါအဝင် နိုင်ငံတကာ အာကာသစူးစမ်း လေ့လာရေး လုပ်ငန်းအဖွဲ့ များသည် အာကာသ ထဲတွင်နေထိုင် နိုင်မည့် စံချိန်ကို မြှင့်တင်ရန် ကြိုးပမ်းနေပြီး ၂ဝ၃ဝ ပြည့်နှစ်တွင် အင်္ဂါဂြိုဟ် ပေါ်သို့ လူသားများကို စေလွှတ် နိုင်ရန် ကြိုတင်ပြင်ဆင် နေခြင်း ဖြစ်သည်။ လက်ရှိ နည်းပညာ များအရ ကမ္ဘာပေါ်မှ အင်္ဂါဂြိုဟ်ထံသို့ ရောက်ရှိရန် အနည်းဆုံး အချိန် ၁၈လ ကြာမြင့်မည် ဖြစ်သည်။ လက်ရှိအချိန်တွင် စကော့ကယ်လီ က အာကာသတွင် တစ်နှစ်ကျော်ကြာ အောင် နေထိုင်ပြနိုင်ခဲ့ သည်မှအပ လူသားများ အာကာသ အတွင်း အချိန်အကြာဆုံး နေထိုင်ခဲ့ချိန်မှာ ခြောက်လသာ ဖြစ်ကြောင်း သိရသည်။

''ခြောက်လ သက်တမ်းမှာတောင် လူတွေရဲ့ အရပ်ဟာ ငါး စင်တီမီတာမျှ ရှည်ထွက်လာတာ၊ ခန္ဓာကိုယ် အောက်ပိုင်းအား ပျော့တာ၊ နှလုံးခုန်မူ မမှန်တာ အစရှိတဲ့ ဝေဒနာတွေကို ခံစားရပြီး ကမ္ဘာမြေ ပေါ်ကို ပြန်ရောက်တဲ့ အခါမှာ လမ်းလျှောက်ဖို့ ပြန်ကျင့်ရတာတွေ လုပ်ရပါတယ်'' ဟု နာဆာမှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger