www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, March 1, 2016

ဆေးဘက်ဝင်မှိုမှ ထုတ်သော ဆေးဝါးများ သုံးစွဲသူအတွက် ဘေးကင်းစေနိုင်



ရန်ကုန် ၊ ၁-၃-၂၀၁၆

ပြည်တွင်း၌ စိုက်ပျိုးထားသည့် ဆေးဖက်ဝင် မှိုများမှ ထုတ်လုပ်သော ဆေးဝါးပစ္စည်း များသည် သုံးစွဲသူများ အတွက် ဘေးကင်းစေရေးကို အာမခံနိုင်ကြောင်း မြန်မာ့စက်မှုသီးနှံ ဖွံ့ဖြိုးရေး လုပ်ငန်း မှိုလုပ်ငန်းဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

အဆိုပါ ဆေးဝါးပစ္စည်း များကို လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန မှဈေးကွက်ဝင် အရည်အသွေးမီ လင်ဇီး ဆေးတောင့်နှင့် မျောက်ခေါင်းမှို ဆေးတောင့် များကို ယင်းဌာနမှ ထုတ်လုပ်ပေးခဲ့ပြီး လင်ဇီးဆေးတောင့်နှင့် တွဲဖက်၍ စားသုံးနိုင်သော ပန်းဝတ်မှုန် ဆေးတောင့်များကို ထုတ်လုပ်ပေးလျက် ရှိသည်။

ထို့ပြင် လင်ဇီးချောင်းဆိုး ပျောက်ဆေး၊ လင်ဇီးနှင့် ဂျင်စင်း ပေါင်းစပ် ထုတ်လုပ်ထားသော လင်စင်းဆေးတောင့် များကိုလည်း ထုတ်လုပ်ပေး နိုင်ခဲ့ပြီး ဆေးအမယ်သစ်များ ကိုလည်း စီစဉ်ထားကြောင်း သိရသည်။

ထိုသို့ ထုတ်လုပ်ထားသော မျောက်ခေါင်းမှို ဆေးတောင့်သည် အဖုအကျိတ် နှင့် မြစ်ပွားနာ ရောဂါများ၊ အစာအိမ်နာ ရောဂါ၊ အူသိမ်အနာ ရောဂါ၊ အူလမ်းကြောင်း အဖုအကျိတ် ရောဂါများကို ပျောက်ကင်းနိုင်သော အာနိသင် များရှိပြီး လင်ဇီးမှို ဆေးတောင့် များသည် ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးခြင်း၊ သွေးတိုး၊ နှလုံးရောဂါများ ကင်းစေခြင်း၊ အဝလွန်ခြင်း၊ လေဖြတ်ခြင်းမှ ကင်းဝေးစေခြင်း၊ အသားအရည် ချောမွေ့ခြင်း၊ ပန်းဝတ်မှုန် ဆေးတောင့် သည် နှလုံးနှင့် သွေးတိုးရောဂါ ဖြစ်ပွားမှုမှ ကင်းဝေးစေခြင်း၊ သက်ရင့် ဆီးကျိတ်ရောင် ရောဂါ ပျောက်ကင်းစေခြင်း၊ အစာအိမ်နှင့် အူလမ်းကြောင်း ဆိုင်ရာရောဂါ များကို ပျောက်ကင်းစေပြီး လင်ဇီးဆေးတောင့် များသည် စိတ်ဖိစီးမှုဒဏ် နှင့် မောပန်းနွမ်းနယ် မှုများကို ကင်းဝေးစေခြင်း၊ ကင်ဆာရောဂါ ဖြစ်ပွားမှုမှ လျော့ကျပျောက်ကင်း စေခြင်း၊ ကိုယ်ခံစွမ်းအား မြှင့်တင်ပေးခြင်း၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါတို့မှ ကင်းဝေး စေခြင်း၊ အရက် အဆိပ်သင့်ခြင်း၊ အာရုံကြော ပင်ပန်းနွမ်းနယ်ခြင်း နှင့် အိပ်ငိုက်မူးဝေခြင်း တို့ကို ပျောက်ကင်း စေကြောင်း သိရသည်။

ထက်ခိုင် (စမ်းချောင်း)

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger