www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, February 18, 2016

UWSA " ၀ " အဖွဲ့မှ လူသစ်စုဆောင်းမှုကြောင့် အိမ်ထောင်စု ၂၀ ပြောင်းရွှေ့


UWSA " ၀ " အဖွဲ့မှလူသစ် စုဆောင်းမှုကြောင့် ပြောင်းရွှေ့လာသော အိမ်ထောင်စုများအား နယ်မြေခံတပ်မှ တာဝန်ရှိသူများက စားသောက်ဖွယ်ရာများ ပေးအပ်စဉ်

နေပြည်တော် ၊ ၁၈-၂-၂၀၁၆

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းပေါက်ခရိုင်၊ မိုင်းယန်းမြို့နယ်၊ ဝမ်ကန်ရွာနှင့် ကျိုင်းခမ်းရွာတို့မှ လွယ်လူမျိုး အိမ်ထောင်စု ၂ဝ လူဦးရေ ၁ဝ၅ ဦးသည် မိုင်းယန်းမြို့နယ်၊ မိုင်းလွေကျေးရွာ အုပ်စု၊ ပုံလုံရွာသို့ ယခုနှစ် ဇန်နဝါရီနှင့် ဖေဖော်ဝါရီလ များတွင် ပြောင်းရွှေ့ ရောက်ရှိလာခဲ့ပြီး ပြောင်းရွှေ့ လာခြင်းနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရာ ၄င်းတို့ကျေးရွာ များ၌ UWSA ''ဝ'' အဖွဲ့အနေဖြင့် ယခင်က တစ်ရွာလျှင် တစ်ဦးနှုန်း လူသစ်စုဆောင်းမှု ရှိခဲ့ပြီး ယခုနှစ် ဇန်နဝါရီလမှ စ၍ အမျိုးသား၊ အမျိုးသမီး မရွေး ၁၆ နှစ်အောက်နှင့် အိမ်ထောင် မရှိပါက ၁၆ နှစ်အထက် တစ်အိမ်လျှင် တစ်ဦးနှုန်း ပညာသင်ပေးမည် ဟုဆိုကာ သတိပေးမှု သုံးကြိမ်ပြုလုပ်ပြီး လူသစ် စုဆောင်းလျက် ရှိခြင်းကြောင့် ပြောင်းရွှေ့ လာရောက်ခြင်း ဖြစ်ကြောင်း သိရသည်။ ထိုသို့ ပြောင်းရွှေ့လာသော အိမ်ထောင်စု များအား ဖေဖော်ဝါရီ ၁၄ ရက်တွင် နယ်မြေခံတပ်မှ တာဝန်ရှိသူ များက စားသောက် ဖွယ်ရာများ ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရှိရသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၁၇)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger