www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, February 18, 2016

ကေအိုင်အေ(ကချင်) အဖွဲ့မှ ထောင်ထားသော နင်းမိုင်းပေါက်ကွဲမှုကြောင့် ဒေသခံပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိ


ကေအိုင်အေ(ကချင်) အဖွဲ့မှ ထောင်ထားသော နင်းမိုင်းပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိသည့် ဒေသခံပြည်သူတစ်ဦး ဆေးကုသမှုခံယူစဉ်

နေပြည်တော် ၊ ၁၈-၂-၂၀၁၆

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ မြို့လှမြို့၊ အမှတ်(၃) ရပ်ကွက်နေ မောင်သိန်းမြင့် (ခ) စိုးစိုးစံ သည် ယမန်နေ့နံနက် ၂ နာရီခန့်တွင် ဝါးခုတ်ရန် အတွက် အမတ်ကြီးကုန်း ကျေးရွာအနီး နန့်စလင်းချောင်း အထက်ဘက်သို့ ထွက်ခွာလာစဉ် ရွာ၏ အနောက်မြောက်ဘက် လေးမိုင် ခန့်အကွာ၌ ကေအိုင်အေ (ကချင်) အဖွဲ့မှ ထောင်ထားသော နင်းမိုင်း တစ်လုံးကို နင်းမိ ပေါက်ကွဲခဲ့သည်။

မိုင်းပေါက်ကွဲ မှုကြောင့် မောင်သိန်းမြင့် (ခ) စိုးစိုးစံ၏ ဘယ်ဘက်ခြေမ ၊ ခြေညှိုး ၊ ခြေခလယ်သုံးချောင်း ပြတ်ရှဒဏ်ရာ ရရှိခဲ့ပြီး မြို့လှ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူလျက် ရှိကြောင်း သိရှိရသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၁၇)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger