www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, February 18, 2016

(၂၃)ကြိမ်မြောက် မြန်မာ့တပ်မတော် ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ ဒုတိယနေ့ ဆက်လက်ကျင်းပ


(၂၃)ကြိမ်မြောက် မြန်မာ့တပ်မတော် ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ ဒုတိယနေ့ ကျင်းပစဉ်

နေပြည်တော် ၊ ၁၈-၂-၂၀၁၆

(၂၃)ကြိမ်မြောက် မြန်မာ့တပ်မတော် ဆေးပညာရပ် ဆိုင်ရာ နှီးနှောဖလှယ်ပွဲ ဒုတိယနေ့ ကို ရန်ကုန်တိုင်း ဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ တပ်မတော် အရိုးရောဂါ အထူးကုဆေးရုံကြီး (ခုတင်-၅ဝဝ) ရှိ ဆင်ဖြူရှင် ခန်းမ၌ ယမန်နေ့နံနက် ၈ နာရီခွဲတွင် ဆက်လက် ကျင်းပရာ တပ်မတော် ဆေးသုတေသန နှင့် ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီဥက္ကဋ္ဌ၊ ဆေးဝန်ထမ်း ညွှန်ကြားရေးမှူး ဗိုလ်ချုပ် စိုးဝင်း၊ ဆေးဝန်ထမ်း တပ်ဖွဲ့မှ တပ်မှူးများ၊ တပ်ရင်းမှူး များ၊ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြု အရာရှိများ၊ သူနာပြုများ၊ နိုင်ငံတကာမှ ဆေးပညာရှင်များ၊ ကျန်းမာရေး ဝန်ကြီးဌာနမှ ဖိတ်ကြား ထားသူများ၊ စိတ်ပါဝင်စား သူများ တက်ရောက်ကြပြီး ယမန်နေ့တွင် Major Symposium အဖြစ် Current Practice in Breast Imaging တစ်ခု၊ Clinical Session တစ်ခု Symposium အဖြစ် Comprehensive Care of Diabetes Mellitus တစ်ခု၊ Life with Caries Free Teeth တစ်ခုနှင့် Alcohol, Alcohol  Related Diseases and Alcohol Addiction တစ်ခုတို့အား ဆွေးနွေး ကျင်းပပြုလုပ် ခဲ့သည်။

ထို့ပြင် အဏုဇီဝဗေဒ ဆိုင်ရာ သုတေသန စာတမ်းငါးစောင်၊ ခွဲစိတ်ကုသမှု ဆိုင်ရာ သုတေသန စာတမ်းငါးစောင်၊ သူနာပြုစုမှု ဆိုင်ရာ သုတေသန စာတမ်း ခြောက်စောင်၊ ပြန်လည် သန်စွမ်းမှု ဘာသာရပ် ဆိုင်ရာ သုတေသန စာတမ်းနှစ်စောင်၊ အရိုးရောဂါ ပညာရပ်ဆိုင်ရာ သုတေသန စာတမ်းသုံးစောင်၊ ဆေးဝါးဗေဒ ဆိုင်ရာ သုတေသန စာတမ်းငါးစောင် တို့ ပါဝင်ဖတ်ကြား တင်သွင်းခဲ့ရာ စာတမ်း စုစုပေါင်း ၂၆ စောင် ဖတ်ကြား တင်သွင်းပြီး တက်ရောက် လာသူများမှ သိလိုသည်များကို မေးမြန်းကြရာ သက်ဆိုင်ရာ သုတေသီတို့က ရှင်းလင်းဖြေကြား ဆွေးနွေးခဲ့ ကြကြောင်း သိရှိရသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၁၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger