www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, February 10, 2016

မြို့ပြအမွေအနှစ်ထိန်းသိမ်းရန် စည်းမျဉ်းများ အတည်မပြုမီကာလ အတွင်း ရန်ကုန်မြို့ရှိ အမွေအနှစ် အဆောက်အအုံ ဖြိုဖျက်မှုများကို ရပ်တန့်ထားရန် လိုအပ်


ရန်ကုန် ၊ ၁၀-၂-၂၀၁၆

ရန်ကုန်မြို့ရှိ အမွေအနှစ် အဆောက်အအုံများ ဖြိုဖျက်မှုကို မကြာခဏ တွေ့မြင် နေရသဖြင့် ဇုန်သတ်မှတ်မှု၊ မြို့ပြမြေ အသုံးချမှုနှင့် မြို့ပြ အမွေအနှစ်ထိန်းသိမ်းရန် စည်းမျဉ်းများ အတည်ပြုချက် မချမှတ်မီ ကာလအတွင်း မည်သည့် အဆောက်အအုံ ဖြိုဖျက်မှုကိုမဆို ရပ်တန့်ထားရန် ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့မှ နိုင်ငံတော် အစိုးရထံ တင်ပြခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ ရှေးဟောင်း အမွေအနှစ် အဆောက်အအုံ အဖြစ် သတ်မှတ်ထားသည့် အဆောက်အအုံ ၁၈၉ လုံးရှိပြီး အများစုမှာ ရန်ကုန်မြို့တွင်း၌ တည်ရှိသည်။ ရန်ကုန်မြို့ရှိ အမွေအနှစ် အဆောက်အအုံ များကို ဖြိုဖျက်မှု များပြားလာပါက ရန်ကုန်မြို့၏ အမွေအနှစ်များ ထိန်းသိမ်း ကာကွယ်ရန် ရည်ရွယ်ချက်များ ထိခိုက်ေ စနိုင်ကြောင်း သိရသည်။

ထို့ပြင် ရန်ကုန်မြို့ အမွေအနှစ်များ ထိန်းသိမ်း ကာကွယ်ရန်နှင့် ရန်ကုန်ကို ဒေသ တွင်း နိုင်ငံများအနက် နေချင်စဖွယ် အဖြစ်ဆုံးမြို့ကြီး တစ်မြို့ ဖြစ်လာစေရေး ဆောင်ရွက်ရန် ဟူသည့် ရည်ရွယ်ချက် များကို ရန်ကုန်မြို့တွင်း အဆောက်အအုံ ဖြိုဖျက်မှုများနှင့် အသစ်ဆောက်လုပ်မှု များက အစိုးရ၏ အားထုတ် ဆောင်ရွက်မှု များကို ထိခိုက်စေနိုင် လိမ့်မည်ဟု ယူဆကြောင်း ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့ မှ ထုတ်ပြန်ခဲ့သည်။

ရန်ကုန်မြို့တွင်းရှိ ရှေးဟောင်း သမိုင်းဝင် အဆောက်အအုံ များအား အထိမ်းအမှတ် အပြာရောင် ကမ္ပည်းပြားများ တပ်ဆင်ခြင်း လုပ်ငန်းကို ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ၊ ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့နှင့် Phillips Corporation တို့ ပူးပေါင်း ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၃)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger