www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, February 10, 2016

ရန်ကုန်မြို့၏ ပထမဆုံးမြောက် လမ်းကူးဥမင်ဒီဇိုင်းကို ဆွေးနွေးနေဆဲဖြစ်


ရန်ကုန် ၊ ၁၀-၂-၂၀၁၆

ရန်ကုန်မြို့၏ ပထမဆုံး မြေအောက်လမ်းကူး ဥမင် ဆောက်လုပ်ရန် ဒီဇိုင်းကို ဆွေးနွေးနေဆဲ ဖြစ်ပြီး ရန်ကုန်တိုင်း ဒေသကြီးအစိုးရ အစီအစဉ်ဖြင့် ယခု ဘဏ္ဍာနှစ် ကုန်ပိုင်းတွင် စတင် ဖောက် လုပ်မည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ သိရသည်။

အဆိုပါ မြေအောက်လမ်းကူး ဥမင်ကို ကမာရွတ်မြို့နယ် စိုက်ပျိုးရေး မှတ်တိုင်အနီး ပြည် လမ်းမ ပေါ်၌ ဖောက်လုပ်ရန် လျာထားပြီး ယခင်က လူကူးတံတား ဆောက်လုပ်ရန် လျာထားခဲ့ သော်လည်း တည်နေရာ အနေအထား နှင့် ပြည်သူလူထု အမှန်တကယ် အသုံးပြုနိုင် စေရေးအ တွက် မြေအောက်လ မ်း ဖောက်လုပ်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မြေအောက်လမ်းကူး ဥမင် ဆောက်လုပ် နိုင်ရေးအတွက် စိုက်ပျိုးရေး မှတ်တိုင်အနီး ၌ နိုဝင်ဘာလမှ စတင်၍ မြေသားစမ်းသပ်မှု ပြုလုပ်ခဲ့သည်။ မြေအောက်လိုဏ် လမ်းမှာ ပေ ၈ဝ ကျော်ရှိမည် ဖြစ်ပြီး စက်လှေကား ထည့်သွင်း ဆောက်လုပ်ရေး နှင့် အသုံးပြုမည့် ဘတ်ဂျက်ကို ဆက်လက် ဆွေးနွေးလျက် ရှိကြောင်း သိရသည်။

ယာဉ်ကြော ပိတ်ဆို့မှု အထိုက် အလျောက် လျော့ကျရန်နှင့် ယာဉ်အန္တရာယ် လျော့ကျေ စရန် မြေအောက်လမ်းကူး ဖောက်လုပ်ရေးကို စီစဉ်ရခြင်း ဖြစ်ပြီး တိုင်းဒေသကြီး အစိုးရနှင့် ပုဂ္ဂလိကကုမ္ပဏီ တစ်ခုတို့ တွဲဖက်လုပ်ကိုင် သွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ၏ ထုတ်ပြန်ချက် အရ သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၃)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger