www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, February 10, 2016

ရန်ကုန်မြို့၌ မှုခင်းများဖြစ်ပွားခြင်းကို တားဆီးကာကွယ်သည့် အနေဖြင့် ကြိုတင်ဖမ်းဆီး အရေးယူခြင်းများ ဆောင်ရွက်


ရန်ကုန် ၊ ၁၀-၂-၂၀၁၆

ရန်ကုန်တိုင်း ဒေသကြီးအတွင်း မှုခင်းများ ဖြစ်ပွားခြင်းကို တားဆီး ကာကွယ်သည့် အနေဖြင့် ကြိုတင်ကာကွယ် ဖမ်းဆီး အရေးယူခြင်းများ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ထိုသို့ ကြိုတင်ကာကွယ် ဖမ်းဆီး အရေးယူရာတွင် တစ်ရက်လျှင် အမှုပေါင်း ၅ဝ ထက်မနည်း အရေးယူ ဆောင်ရွက် နိုင်ခဲ့ပြီး ဇန်နဝါရီလ တစ်လတာ အတွင်း စုစုပေါင်း ကြိုတင်ကာကွယ် ဖမ်းဆီးမှု ၁၆ဝဝ ကျော်ရှိကြောင်း၊ ယင်းတို့အနက် လောင်းကစား မှု၊ လက်နက်ပုန်း ကိုင်ဆောင်မှု၊ ယစ်မျိုး နှင့် မူးယစ်ဆေးဝါးမှု စသည်တို့ ပါဝင်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ထို့ပြင် ယာဉ်မတော်တဆမှု များနှင့် ယာဉ်တိုက်မှုများ မဖြစ်ပွားစေရန် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဖောက်ဖျက်သော မော်တော်ယာဉ် များနှင့် တရားမဝင် စီးနင်းနေသော မော်တော် ဆိုင်ကယ်များကို စီမံချက် ချမှတ်၍ ဖမ်းဆီး အရေးယူခြင်းများ လုပ်ဆောင်နေကြောင်း သိရသည်။

ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့သည် ကျောင်းများ၊ ရပ်ကွက်များ ၌လည်း မှုခင်းများ ဖြစ်ပွားခြင်းကို ကြိုတင် ကာကွယ်သည့် အနေဖြင့် မှုခင်းတားဆီး ကာကွယ်ရေး ဟောပြောပွဲများနှင့် အသိပညာပေး ဟောပြော ပွဲများ ပြုလုပ်လျက် ရှိသည့်အပြင် လှည့်ကင်း ၊ ရပ်ကင်း၊ ဝပ်ကင်း တို့ကိုလည်း မြို့နေရာအနှံ့ ချထားကာ ပြည်သူလူထု လုံခြုံရေးနှင့် မှုခင်းကျဆင်းရေး လုပ်ငန်းစဉ် များကို အရှိန်အဟုန်ြ မှင့် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ယခုနှစ် ဇန်နဝါရီလ အတွင်း ကြိုတင်ကာကွယ် ဖမ်းဆီးသည့် အမှုပေါင်း ၁၆ဝဝ ကျော် ရှိသော်လည်း ယမန်နှစ် အလားတူ ကာလထက် အမှုပေါင်း ၁၂ဝ ခန့် လျော့နည်း ကြောင်းနှင့် ၂ဝ၁၅ ခုနှစ် ဇန်နဝါရီလ တွင် စုစုပေါင်း ကြိုတင်ကာကွယ် ဖမ်းဆီးခြင်း ၁၈၂၂ မှုအထိ အရေးယူ ဆောင်ရွက် ခဲ့ရကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ကိုဆောင်း (ဥက္ကလာ)

မြ၀တီနေ့စဉ် ၊ စာ(၃)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger