www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, February 19, 2016

မြန်မာနိုင်ငံဆေးဝါးလုပ်ငန်း စက်ရုံ၌ ဆေးဘက်ဆိုင်ရာ ပညာသင်ကြားနေသူများ မြွေအမျိုးမျိုးကို လေ့လာနိုင်မည်



ရန်ကုန် ၊ ၁၉-၂-၂၀၁၆
Snake Museum (BPI)
ရန်ကုန်တိုင်း ဒေသကြီး အင်းစိန်မြို့နယ် ကြို့ကုန်း ရပ်ကွက်ရှိ မြန်မာနိုင်ငံ ဆေးဝါး လုပ်ငန်းစက်ရုံ (အင်းစိန်)၌ မြွေပွေး၊ မြွေဟောက်နှင့် တခြားမြွေ အမျိုးမျိုးကို သဘာဝအတိုင်း မွေးမြူရန် ခြံတည်ေ ဆာက် လျက်ရှိပြီး ဆေးတက္က သိုလ် ကျောင်းသား များနှင့် ဆေးဘက်ဆိုင်ရာ ပညာ သင်ကြားနေ သူများ လေ့လာနို င်မည် ဖြစ်ကြောင်း သိရသည်။

စက်မှုဝန်ကြီးဌာန အောက်ရှိ မြန်မာနိုင်ငံ ဆေးဝါးလုပ်ငန်း စက်ရုံ (အင်းစိန်) ၌ မြွေဆိပ်ဖြေဆေး စက်ရုံနှင့် တခြားဆေးဝါး ထုတ်လုပ်ရေး စက်ရုံများကို ဧက ၈ဝ ကျယ်ဝန်းသော စက်ရုံဝင်း အတွက် တည်ဆောက်ပြီး ဆေးဝါးများ စတင် ထုတ်လုပ်လျက် ရှိကြောင်း သိရသည်။

မြွေဆိပ်ဖြေဆေး စက်ရုံအတွက် လိုအပ်သော မြင်း၊ လားနှင့် သိုး သွေးရည်ကြည် များ ထုတ်ယူနိုင်ရန် ရန်ကုန်တိုင်း ဒေသကြီး မှော်ဘီမြို့နယ်ရှိ ဧက ၁ဝဝ ကျော် ကျယ်ဝန်းသော မြင်းနှင့် သိုးမွေးမြူရေး စခန်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း) ဟဲဟိုးမြို့ရှိ မြင်း နှင့် လား မွေးမြူရေးစခန်း နှင့် မကွေးတိုင်း ဒေသကြီး တောင်တွင်းကြီး မြို့နယ် ရန်ပယ်မြင်းနှင့် သိုးမွေးမြူရေး စခန်းတို့မှ ဆေးရည်များ ထုတ်လုပ်နိုင်ရန် စီစဉ်လျက် ရှိသည်။

ထို့ပြင် ဖေဖော်ဝါရီလတွင် တည်ဆောက် ပြီးစီးခဲ့သော မြွေဆိပ်ဖြေဆေး စက်ရုံသစ်မှ ယခုနှစ်အတွက် မြွေ ဆိပ်ဖြေဆေး အလုံးရေ တစ်သိန်း ထုတ်လုပ်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆေးဝါးလုပ်ငန်း စက်ရုံ (အင်းစိန်) စက်ရုံမှူး ဦးကိုကိုအောင် က ပြောသည်။

မြန်မာနိုင်ငံဒေသ အသီးသီးရှိ ပြည်သူ့ဆေးရုံ များ၌ နှစ်စဉ် မြွေဆိပ်ဖြေဆေး အလုံးရေ ရှစ်သောင်းခန့် လိုအပ်လျက်ရှိရာ ၂ဝ၁၅ ခုနှစ်တွင် လိုအပ်ချက် ပြည့်မီစွာ ထုတ်လုပ် နိုင်ခဲ့ပြီးနောက် ၂ဝ၁၆ ခုနှစ်တွင် ပိုမိုတိုးမြှင့် ထုတ်လုပ်ရန် စီစဉ်ထားရှိ ကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger