www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, February 19, 2016

မြန်မာနိုင်ငံတစ်ဝန်း၌ ဖေဖော်ဝါရီ ၁ ရက်မှ ၁၄ ရက်အထိ မီးလောင်မှု ၁၀၆ ကြိမ်ဖြစ်ပွားခဲ့ပြီး လူဦးရေ ၄၀၀၀ ခန့် မီးဘေးသင့်ခဲ့


ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲခရိုင် နမ့်ဆန်မြို့ မီးလောင်ကျွမ်းခဲ့မှု

ရန်ကုန် ၊ ၁၉-၂-၂၀၁၆

မြန်မာနိုင်ငံ တစ်ဝန်း၌ ဖေဖော်ဝါရီ ၁ ရက် မှ ၁၄ ရက်အထိ ၁၄ ရက်တာ ကာလအတွင်း မီးလောင်မှု ၁ဝ၆ ကြိမ် ဖြစ်ပွားခဲ့ပြီး လူဦးရေ ၄ဝဝဝ ခန့် မီးဘေးသင့် ခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီး ဌာနမှ သိရသည်။

အဆိုပါ ကာလအတွင်း မြန်မာ တစ်နိုင်ငံလုံးရှိ အိမ်ခြေ အဆောက်အအုံ ပေါင်း ၉၃၅ လုံး မီးလောင်ဆုံးရှုံး ခဲ့ပြီး မီးဘေးဒုက္ခသည် များအနက် ရှမ်းပြည်နယ်၌ ၁၂၉၇ ဦး၊ တနင်္သာရီတိုင်း ဒေသကြီး၌ ၁၆၂၈ ဦး နှင့် ဧရာဝတီတိုင်း ဒေသကြီး၌ ၇၉၄ ဦးတို့မှာ မီးဘေးသင့် ဒုက္ခသည် အများဆုံး တိုင်းဒေသကြီးနှင့် ပြည်နယ်များ ဖြစ်ကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီး ဌာန၏ စာရင်းများအရ သိရသည်။

ဖေဖော်ဝါရီ ၄ ရက် မွန်းလွဲ ၁ နာရီ ခွဲခန့်မှ ည ၉ နာရီအထိ ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲခရိုင် နမ့်ဆန်မြို့နယ်၌ မီးလောင်ကျွမ်းခဲ့ရာ အိမ်ခြေ ၂ဝဝ ကျော် ဆုံးရှုံးခဲ့ရပြီး အလားတူ ယင်းနေ့ည ၈ နာရီဝန်းကျင် ကလည်း ဧရာဝတီတိုင်း ဒေသကြီး လပွတ္တာမြို့နယ် ကမ်းနားလမ်း ၌ မီးလောင်ခဲ့ရာ အိမ်ခြေ ၂ဝဝ ခန့် ပျက်စီးဆုံးရှုံး ခဲ့ရပြီး လူဦးရေ ၈ဝဝ ခန့် မီးဘေးသင့် ခဲ့ရသည်။ ထို့ပြင် ဖေဖော်ဝါရီ ၁၃ ရက် နံနက် ၈ နာရီခွဲခန့်က တနင်္သာရီတိုင်း ဒေသကြီး ပုလောမြို့နယ် ကျောက္ကာကျေးရွာ ၌ မီးလောင်မှုကြောင့် အိမ်ခြေ ၃ဝဝ ကျော် မီးလောင် ဆုံးရှုံးခဲ့ပြီး လူဦးရေ ၁ဝဝဝ ကျော် မီးဘေးသင့် ခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီး ဌာနမှ သိရသည်။

၂ဝ၁၆ ခုနှစ် ဇန်နဝါရီလ အတွင်းကလည်း မြန်မာ တစ်နိုင်ငံလုံး၌ မီးလောင်မှု ၁၆၂ ကြိမ်ဖြစ်ပွားခဲ့ပြီး အိမ်ခြေ အဆောက်အအုံ ပေါင်း ၁၈၅၁ လုံး မီးလောင်ဆုံးရှုံး ခဲ့ကာ လူဦးရေ ၈၇ဝ မီးဘေးသင့် ခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီး ဌာနမှ သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger