www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, February 9, 2016

အသင့်ဖျော်ကော်ဖီမစ်ထုပ်များ အတွင်း အုန်းမှုတ်ခွံနှင့် မန်ကျည်းစေ့အမှုန့်များ ရောနှောထုတ်လုပ် ထားသည့် သတင်းများကြောင့် ကော်ဖီမစ်စက်ရုံများသို့ ၀င်ရောက်စစ်ဆေး



ရန်ကုန် ၊ ၉-၂-၂၀၁၆

အသင့်ဖျော် ကော်ဖီမစ်ထုပ်များ ထုတ်လုပ်ရာ၌ အုန်းမှုတ်ခွံနှင့် မန်ကျည်းစေ့ များ ကြိတ်၍ ထည့်သွင်းသည် ဟု သတင်းတချို့ ထွက်ပေါ် နေခြင်းေ ကြာင့် ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ ကော်ဖီ စက်ရုံ များသို့ ဝင်ရောက် စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ရလဒ်များ ကို နှစ်ပတ် အတွင်း သတင်းထုတ်ပြန် သွားမည် ဖြစ်ကြောင်း သိရ သည်။

ထိုသို့ စစ်ဆေးရာတွင် ပြည်တွင်းမှ နာမည်ကြီး ကော်ဖီတံဆိပ်များ အပြင် တခြားကော်ဖီ ထုတ်လုပ်သော စက်ရုံ ၁၂ ရုံကို ဖေဖော်ဝါရီ ၆ ရက်က အစားအသောက် နှင့် ဆေးဝါးကွပ်ကဲမှု ဦးစီးဌာန FDA နှင့် ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီတို့ ပူးပေါင်းပြီး ရှောင် တခင် စစ်ဆေးခဲ့ကြောင်း FDA ဌာနမှ တာဝန်ရှိသူ တစ်ဦး က ပြောသည်။

ပြည်တွင်းဈေးကွက် အတွင်း ရောင်းချနေသည့် အသင့်ဖျော် ကော်ဖီမစ်ထုပ်များ အတွင်း အုန်းမှုတ်ခွံ အမှုန့်၊ မန်ကျည်းစေ့ များကို ရောနှောထုတ်လုပ် နေသဖြင့် ကျန်းမာရေး အတွက် အန္တရာယ် ရှိသည်ဟု သံသယရှိ သောကြောင့် ကော်ဖီ ထုတ်လုပ်ရာတွင် အသုံးပြုသည့် ကုန်ကြမ်းများကို စံချိန်စံညွှန်း နှင့် ညီ၊ မညီ၊ တခြား အရောအနှောများ ပါဝင်မှု ရှိ၊ မရှိ စစ်ဆေးရန် နမူနာပစ္စည်း များကို ကောက်ယူခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ကော်ဖီစက်ရုံများမှ ရယူလာသော နမူနာပစ္စည်း များကို စစ်ဆေးနေဆဲ ဖြစ်ပြီး သောက်သုံးရန် မသင့်သည့် တံဆိပ်များ တွေ့ရှိပါက နှစ်ပတ်အတွင်း အများပြည်သူ သိရှိစေရန် ကြေညာပေးမည် ဖြစ်ကာ အမျိုးသား အစားအသောက် ဥပဒေပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုမည် ဖြစ်ကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၃)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger