www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, February 9, 2016

အသစ်ထပ်မံရောက်ရှိ လာသော လေအိတ်တွဲများကို မတ်လမှစတင်၍ အစားထိုးပြေးဆွဲမည်



ရန်ကုန် ၊ ၉-၂-၂၀၁၆

ရထားပို့ဆောင်ရေး ဝန်ကြီးဌာန မြန်မာ့မီးရထား အနေဖြင့် တရုတ်နိုင်ငံမှ ဝယ်ယူထားပြီး အသစ်ထပ်မံ ရောက်ရှိလာသော လေအိတ်တွဲ ၁၁ တွဲကို ရန်ကုန်-ပြည် အမှတ် ၇၁ အဆန်၊ ၇၂ အစုန်ရထားတွင် မတ်လ မှစတင်၍ အစားထိုးပြေးဆွဲ သွားမည် ဖြစ်ကြောင်း မြန်မာ့မီးရထား (စီးပွားရေးဌာန)မှ အထွေထွေ မန်နေဂျာ ဦးအောင်မြင့်လှိုင် က ပြောသည်။

အဆိုပါ လေအိတ်တွဲများသည် ဇန်နဝါရီ ၃၁ ရက်တွင် စတင်ရောက်ရှိပြီး ဖေဖော်ဝါရီ ၄ ရက်တွင် လိုအပ်သည်များကို ထပ်မံမွမ်းမံရန် မန္တလေးတိုင်း ဒေသကြီး မြစ်ငယ်စက်ရုံသို့ ပို့ဆောင်လို က်သော လေအိတ်တွဲ ၁၁ တွဲနှင့် စက်ခေါင်း ခြောက်ခေါင်းထဲမှ လေအိတ်တွဲ ၁၁ တွဲကို ရန်ကုန်-ပြည် လမ်းပိုင်းတွင် အစားထိုးပြေးဆွဲ ပေးမည်ဖြစ်သည်။

''တရုတ်နိုင်ငံက လေအိတ်တွဲ ၃၈ တွဲဝယ်တာ တော်တော်များများ ရောက်နေပါပြီ။ လက်ရှိမှာတော့ ရန်ကုန်-မန္တလေး လမ်းပိုင်း အမှတ် ၅ အဆန်၊ ၆ အစုန် အမြန်ရထားမှာ အစားထိုးပြေးဆွဲ ပေးနေတယ်။ ပြီးရင် ရန်ကုန်-ပြည် လမ်းပိုင်း အမှတ် ၇၁ အဆန်၊ ၇၂ အစုန်ရထားမှာ အစားထိုးမှာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံက ဝယ်တဲ့ တွဲဆိုင်း တစ်ဆိုင်းကို မတ်လလောက်မှာ ပြေးဆွဲပေးမှာပါ'' ဟု ၄င်းက ဆက်လက် ပြောသည်။

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ချေးငွေဖြင့် လူစီးတွဲ တည်ဆောက်ရေး စက်ရုံစီမံကိန်းမှ လေအိတ်ဘိုဂီ ပါ တွဲသစ်များနှင့် စက်ခေါင်းများကို တရုတ်နိုင်ငံ၌ အပြီးအစီး ဆောက်လုပ်၍ မြန်မာ့မီးရထား တွင် အသုံးပြုရန် စီစဉ်ခဲ့ပြီး ယခုအခါ ရန်ကုန်-မန္တလေး လမ်းပိုင်းတွင် ပြေးဆွဲနေသော အမှတ် ၅ အဆန်၊ ၆ အစုန် အမြန်ရထားတွင် အစားထိုးလဲလှယ် ပြေးဆွဲပေးလျက် ရှိကြောင်း မြန်မာ့ မီးရထားမှ သိရသည်။

ထိုသို့ တွဲဆိုင်းသစ်များ အစားထိုး လဲလှယ်တိုးချဲ့၍ ပြေးဆွဲရခြင်းသည် ခရီးသွားပြည်သူများ အနေဖြင့် လုံခြုံ စိတ်ချရပြီး သက်သောင့် သက်သာ ရထားဖြင့် ခရီးသွားလာ နိုင်စေရန်နှင့် အဆင့်မြင့် နည်းပညာဖြင့် တည်ဆောက် ထားသော ရထားတွဲများ အသုံးပြု၍ ရထားစီး ခရီးသွား ပြည်သူများ အတွက် ဝန်ဆောင်မှု ကောင်းများ ရရှိစေရန် ဖြစ်ကြောင်း သိရသည်။

ဆုလာဘ်

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger