www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, February 17, 2016

မြန်မာ့ပေါင်းဆန်ကို ပြည်ပနိုင်ငံများမှ ၀ယ်လိုအား မြင့်တက်နေသော်လည်း ထုတ်လုပ်မှုအပိုင်းတွင် စရိတ်ကြီးမြင့်မှုကြောင့် လုပ်ငန်းရှင်များ အခက်တွေ့



ရန်ကုန် ၊ ၁၇-၂-၂၀၁၆

မြန်မာ့ပေါင်းဆန်ကို ပြည်ပနိုင်ငံများမှ ကြိုက်နှစ်သက်စွာ ဝယ်ယူမှုများ နှစ်စဉ်မြင့်တက် နေသော် လည်း ပေါင်း ဆန် ထုတ်လုပ်မှု အပိုင်းတွင် စရိတ်များမြင့်တက် လာသည့်အတွက် ပေါင်းဆန်လုပ်ငန်း လုပ်ကိုင်သူများ အနေဖြင့် ပြည်ပဈေးကွက် တင်ပို့မှုတွင် အခက်အခဲများနှင့် ကြုံတွေ့ နေရေ ကြာင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်မှ သိရသည်။

မြန်မာ့ပေါင်းဆန်ကို အဓိက တင်ပို့နေရသည့် နိုင်ငံမှာ ရုရှားနိုင်ငံ ဖြစ်ပြီး ဥရောပ သမဂ္ဂသို့ တင်ပို့မှုများ ရှိနေသော်လည်း တခြား နိုင်ငံများနှင့် နှိုင်းယှဉ်ပါက မြန်မာ့ပေါင်းဆန် မှာ ဈေးနှုန်း ကြီးမြင့်လျက် ရှိကြောင်း သိရသည်။

ထိုကဲ့သို့ ဈေးနှုန်းကြီးမြင့် သည့်အတွက် ပြည်ပ ဆန်ဈေးကွက် အတွင်း ဈေးကွက် ခိုင်မာမှု ရှိလာစေရန်နှင့် ဈေးကွက်ချဲ့ထွင် နိုင်ရန် အခက်အခဲများ ဖြစ်ပေါ်နေကြောင်း သိရသည်။

ပြည်တွင်း၌ ဆန်ဈေးနှုန်း ကြီးမြင့်မှုနှင့် ကုန်ကြမ်းဈေးနှုန်း ကြီးမြင့်မှု များကြောင့် မြန်မာ့ေ ပါင်းဆန် ဈေးနှုန်းများ မြင့်တက် လာခြင်း ဖြစ်ကြောင်း၊ ပေါင်းဆန် ဈေးနှုန်းမှာ အိမ်နီးချင်းနိုင်ငံ များထက် ဈေးနှုန်းမြင့်မား နေသည့်အတွက် နိုင်ငံတကာ ဈေးကွက်တွင် ယှဉ်ပြိုင် ရောင်းချရန် အခက်အခဲ ဖြစ်ပေါ် နေခြင်းဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံမှ ပေါင်းဆန်သည် ဈေးနှုန်း ကြီးမြင့်သော် လည်း အခွန် ကင်းလွတ်ခွင့် ပေးထားသောကြောင့် ဥရောပသမဂ္ဂ နှင့်ရုရှားနိုင်ငံ တို့က အဓိကဝယ်ယူ နေခြင်းဖြစ်သည်။

မြန်မာနိုင်ငံမှ တန်းမြင့်၊ တန်းလတ်ဆန် များကို နှစ်စဉ် အနည်းဆုံး ၁ ဒသမ ၅ သန်းအထိ ပြည်ပသို့ တင်ပို့နိုင်ပြီး အရည်အသွေး မြင့်ပေါင်းဆန်ကို ရာနှုန်း ပြည့်မီအောင် ထုတ်လုပ်နိုင်သော ဧရာဝတီတိုင်း ဒေသကြီး ဖျာပုံ၊ ဘိုကလေးနှင့် ကျိုက်လတ်မြို့တို့၌ ခေတ်မီ ဆန်စက်များဖြင့် ထုတ်လုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ပြည်တွင်းမှ တင်ပို့သမျှ မြန်မာ့ပေါင်းဆန် ကို ကမ္ဘာ့ဈေးကွက် မှ ဝယ်ယူလျက် ရှိခြင်းကြောင့် မြန်မာ့ေ ပါင်းဆန် တင်ပို့မှုမှာ အလားအလာ ကောင်းလျက် ရှိသည်။ ပေါင်းဆန်များ ပိုမိုထုတ်လုပ် တင်ပို့နိုင်ရန် ဧရာဝတီတိုင်း ဒေသကြီး ကျိုက်လတ်မြို့ ၌ တန် ၂ဝဝ ကျ ပေါင်းဆန်စက်ရုံကို တည်ဆောက် ထားသကဲ့သို့ နေပြည်တော် ၌လည်း ပေါင်းဆန်စက်ရုံ များ တည်ဆောက် ထားကြောင်း သိရသည်။

ပေါင်းဆန် စက်ကြီးများ လည်ပတ်ရန် လျှပ်စစ်ဓာတ်အား လိုအပ်ချက် မြင့်မားခြင်းကြောင့် တချို့ဒေသများ၌ ကိုယ်ပိုင်မီးစက် များ အသုံးပြု လည်ပတ် နေရကြောင်း ရန်ကုန်တိုင်း ဒေသကြီး အခြေစိုက် ပေါင်းဆန် လုပ်ငန်းရှင်များ ထံမှ သိရသည်။

ကံထူး

မြ၀တီနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger