www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, February 8, 2016

ကာယဗလမောင်နှင့် အမျိုးသမီးကာသကြံ့ခိုင်မှု ပြိုင်ပွဲကျင်းပ



ရန်ကုန် ၊ ၈-၂-၂၀၁၆

၂ဝ၁၆ ခုနှစ် (၆၉)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆို ဂုဏ်ပြုသော အားဖြင့် မြန်မာနိုင်ငံ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစား အဖွဲ့ချုပ်မှ ကြီးမှူး ကျင်းပသည့် ကာယဗလမောင် နှင့် အမျိုးသမီး ကာယ ကြံ့ခိုင်မှုပြိုင်ပွဲ နှင့် ဆုပေးပွဲ အခမ်းအနားကို ရန်ကုန်တိုင်း ဒေသကြီး မရမ်းကုန်း မြို့နယ် Myanmar Convention Centre ၌ ယမန်နေ့ မွန်းတည့် ၁၂ နာရီတွင် ကျင်းပသည်။

အဆိုပါပြိုင်ပွဲတွင် ကာယဗလမောင် ၅၅ ကီလိုတန်း၊ ၆ဝ ကီလိုတန်း၊ ၆၅ ကီလိုတန်း၊ ၇ဝ ကီလိုတန်း၊ ၇၅ ကီလိုတန်းနှင့် ၇၅ ကီလိုအထက်တို့ ပါဝင်ယှဉ်ပြိုင် ကြပြီး အမျိုးသမီး ကာယ ကြံ့ခိုင်မှု ပြိုင်ပွဲတွင် ၁၆ဝ စင်တီမီတာ အောက်နှင့် ၁၆ဝ စင်တီမီတာ အထက်တို့ ပါဝင်ယှဉ်ပြိုင် ကြသည်။

ပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆု ရရှိသူများအား မြန်မာနိုင်ငံ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစား အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးညီညီ၊ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော် မတီဝင် ဒေါက်တာ အေးဝင်း နှင့် တာဝန်ရှိ သူများက ဆုများချီးမြှင့် ကြသည်။

ကီလိုတန်း အလိုက် ပထမဆု၊ ဒုတိယဆု ရရှိသူများက ၂ဝ၁၆ ခုနှစ် ပြည်ထောင် စုမောင် နှင့် ပြည်ထောင်စုမယ် ပြိုင်ပွဲအား ဆက်လက် ယှဉ်ပြိုင်ရာ၂ဝ၁၆ ခုနှစ် ပြည်ထောင်စုမောင် အဖြစ် ခါးနံပါတ် ၂၁ ထွန်းထွန်းအောင် ကရရှိပြီး ၂ဝ၁၆ ခုနှစ် ပြည်ထောင်စုမယ် အဖြစ် ခါးနံပါတ် ၇၄ မနန်းလောင်ခမ်း (မန္တလေး) က ရရှိသည်။ ယင်းဆုတို့ကို မြန်မာနိုင်ငံ ကာယဗလ နှင့် ကာယ ကြံ့ခိုင်မှု အားကစား အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးညီညီ က ပေးအပ် ချီးမြှင့်သည်။

အဆိုပါပြိုင်ပွဲသို့ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးမှ ပြိုင်ပွဲဝင် အားကစား မောင်/ မယ်များ၊ မြန်မာနိုင်ငံ ကာလဗလနှင့် ကာယကြံ့ခိုင်မှု အားကစား အဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ဒိုင်အဖွဲ့ဝင်များ၊ အားကစား ဝါသနာရှင်များ ကြည့်ရှုအားပေး ကြကြောင်း သိရသည်။

သိန်းဝင်း

မြ၀တီနေ့စဉ် ၊ စာ(၁၇)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger