www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, February 8, 2016

ပေါင်းလောင်းရေလှောင်တမံမှ မတ်လ ၁ ရက်တွင် နွေစပါးစိုက်ပျိုးရန် ရေပေးဝေသွားမည်



နေပြည်တော် ၊ ၈-၂-၂၀၁၆

ပေါင်းလောင်း ရေလှောင်တမံမှ စိုက်ပျိုးရေ ပေးဝေ သွားနိုင်ရန် ရေလွှဲဆည်နှင့် ဆည်ရေသောက် စနစ်ကို အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိရာ နွေစပါး စိုက်ပျိုးရန် မတ်လ ၁ ရက်တွင် စိုက်ပျိုးရေ ပေးဝေသွားမည် ဖြစ်ကြောင်း သိရသည်။

ပေါင်းလောင်းဆည် ရေသောက် စနစ်ကို ၂ဝဝ၆ ခုနှစ် ဖေဖော်ဝါရီလ တွင် စတင်ခဲ့ပြီး ၂ဝ၁၁ ခုနှစ်တွင် မိုးစပါးဧက ၂၅၁ဝ နှင့် နွေစပါး ၁၆၈၇ ဧက၊ ၂ဝ၁၂ ခုနှစ်တွင် မိုးစပါး ၃၆၁၆ ဧကနှင့် နွေစပါး ၃၆၇၇ ဧက၊ ၂ဝ၁၃ ခုနှစ်တွင် မိုးစပါး ၅၈၃၆ ဧကနှင့် နွေစပါး ၄၂၇၁ ဧက၊ ၂ဝ၁၄ ခုနှစ်တွင် မိုးစပါးဧက ၆ဝ၈ဝ နှင့် နွေစပါး ၄၆၃၇ ဧက၊ ၂ဝ၁၅ ခုနှစ်တွင် မိုးစပါး ၆ဝ၆၃ ဧက လျာထားသည့် အနက်မှ ၅၉၁၁ ဧကစိုက်ပျိုး နိုင်ခဲ့ပြီး နွေစပါး လျာထားဧကမှာ ဧက ၄၅ဝဝ ဖြစ်ကြောင်း သိရသည်။

ပေါင်းလောင်း ရေလှောင်တမံ ဘက်စုံ စီမံကိန်းသည် နေပြည်တော် ကောင်စီ နယ်မြေ ပျဉ်းမနားမြို့၏ အရှေ့ဘက် ၁ဝ မိုင်ခန့်အကွာ ကျည်တောင်-ခေါမ ကျေးရွာအနီး ပေါင်းလောင်း မြစ်ပေါ်တွင် တည်ရှိ၍ ရေလွှဲဆည် သည် တမံ၏ အောက်ဘက် ၁ဝ မိုင်ခန့်အကွာ ပျဉ်းမနား မြို့နယ် သစ်ဆိမ့်ပင် ကျေးရွာအနီးတွင် တည်ရှိသည်။

ပေါင်းလောင်း ရေလွှဲဆည်၏ ဆည်ရေသောက် စနစ် တည်နေရာ များမှာ နေပြည်တော် ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ်၊ လယ်ဝေးမြို့နယ် နှင့် ပဲခူးတိုင်း ဒေသကြီး ရေတာရှည် မြို့နယ်တို့တွင် တည်ရှိသည်။

ပေါင်းလောင်း ရေလွှဲဆည်နှင့် ဆည်ရေသောက် စနစ် တည်ဆောက်ခြင်း ကြောင့် ဒေသအတွင်း သီးနှံစိုက်ပျိုး ထုတ်လုပ်မှု တိုးတက်လာပြီး တောင်သူ တစ်ဦးချင်း ဝင်ငွေတိုးတက် လာသည်နှင့် အမျှ လူနေမှု အဆင့်အတန်း တိုးမြင့်လာမည် ဖြစ်ကြောင်း သိရသည်။

ကောင်းစစ်နိုင် ၊ စာနည်မောင်

မြ၀တီနေ့စဉ် ၊ စာ(၁၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger