www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, February 8, 2016

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန သို့ သတင်းပို့ ဆက်သွယ်ခြင်းမရှိသည့် ကုမ္ပဏီများကို စိစစ်၍ မှတ်ပုံတင်စာရင်းမှ ပယ်ချက်ရန် တင်ပြမည်


ရန်ကုန် ၊ ၈-၂-၂၀၁၆

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနသို့ သတင်းပို့ ဆက်သွယ်ခြင်း မရှိသည့် ကုမ္ပဏီများကို စိစစ်၍ မှတ်ပုံတင်စာရင်း မှပယ်ဖျက်ရန် အမျိုးသား စီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု ဝန်ကြီးဌာနသို့ တင်ပြမည် ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

အဆိုပါဦးစီးဌာန၏ ဇန်နဝါရီ ၂၉ ရက်အထိ စာရင်းများအရ ပြည်တွင်းကုမ္ပဏီ ၁၇၁ဝ၃ ခုနှင့် ပြည်ပကုမ္ပဏီ ၁၂၉၂ ခုရှိပြီး ထိုကုမ္ပဏီများ အနက်မှ ၂ဝဝဝ-၂ဝဝ၁ ဘဏ္ဍာနှစ်အထိ မှတ်ပုံတင်ထားသည့် ကုမ္ပဏီများကို အမျိုးသား စီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု ဝန်ကြီးဌာနသို့ တင်ပြမည် ဖြစ်သည်။ သို့သော် လက်ရှိအချိန်ထိ ဆက်သွယ်ခြင်း မရှိသည့် ကုမ္ပဏီစာရင်းမှာ ထက်ဝက်ခန့် ရှိပြီး ပြည်တွင်း ပြည်ပ ကုမ္ပဏီပေါင်း ကိုးထောင်ခန့် ရှိကြောင်း သိရသည်။

''မှတ်ပုံတင်သက်တမ်း ကုန်ဆုံးနေတာပဲ ဖြစ်ဖြစ်၊ လုပ်ငန်း လည်ပတ်ခြင်း ရပ်ဆိုင်းထား တာပဲဖြစ်ဖြစ် ဦးစီးဌာနကို ဆက်သွယ် အကြောင်းကြားဖို့ ပြီးခဲ့တဲ့ နှစ်ကုန်လောက် ကတည်းက ညွှန်ကြားထားခဲ့ တာပါ။ လက်ရှိ အချိန်ထိ ဆက်သွယ်ဖို့ ပျက်ကွက်တဲ့ ကုမ္ပဏီတွေ ရှိနေသေးတယ်။ အဲဒီကုမ္ပဏီ တွေကို ဝန်ကြီးဌာနကို တင်ပြသွားပြီး လုပ်ငန်း မှတ်ပုံတင် စာရင်းက ပယ်ဖျက်သွားမယ်'' ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ကုမ္ပဏီများ၏ မှတ်ပုံတင် ထားသည့် သက်တမ်းများကို နှစ်အလိုက် စိစစ်သွားမည် ဖြစ်ပြီး ဆက်သွယ်ခြင်း မရှိဘဲ မှတ်ပုံတင် သက်တမ်း ကုန်ဆုံးသော်လည်း သက်တမ်း မတိုးသည့် ကုမ္ပဏီများ၊ လုပ်ငန်း လည်ပတ်ခြင်း မရှိဘဲ ရပ်ဆိုင်းသွားသည့် ကုမ္ပဏီများကို မှတ်ပုံတင် စာရင်းမှ ပယ်ဖျက် သွားမည်ဖြစ်ပြီး မှတ်ပုံတင် သက်တမ်း ရှိနေသေးသည့် ကုမ္ပဏီ များကိုမူ ဆက်လက်စိစစ် သွားမည် ဖြစ်ကြောင်း သိရသည်။

ကုမ္ပဏီများ အနေဖြင့် မှတ်ပုံတင် သက်တမ်းအတွက် ၂ဝ၁၅ ခုနှစ် အောက်တိုဘာ ၁၆ ရက် နောက်ဆုံးထား၍ ဌာနသို့ ဆက်သွယ် အကြောင်းကြားရန် ညွှန်ကြား ထားသော်လည်း ဆက်သွယ်ခြင်း မရှိသည့် ကုမ္ပဏီများ အတွက် ရက်ထပ်တိုးကာ စောင့်ဆိုင်း ခဲ့ကြောင်း သိရသည်။

ယခုလတွင် လာရောက် ဆက်သွယ်ခြင်း မရှိသည့် ကုမ္ပဏီများကို မှတ်ပုံတင် သက်တမ်း ကုန်ဆုံးနေလျှင် မှတ်ပုံတင် စာရင်းမှ ပယ်ဖျက်သွားမည် ဖြစ်ပြီး လက်ရှိတွင် မှတ်ပုံတင် ထားသည့် ပြည်တွင်း ကုမ္ပဏီ ၄၃ဝဝဝ ကျော် နှင့် နိုင်ငံခြား ကုမ္ပဏီ ၄ဝဝဝ ကျော် ရှိကြောင်း သိရသည်။

လင်းသူ

မြ၀တီနေ့စဉ် ၊ စာ(၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger