www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, February 10, 2016

ဟောင်ကောင်ရဲတပ်ဖွဲ့နှင့် ပျံကျဈေးသည်များ အဓိကရုဏ်းဖြစ်




ဟောင်ကောင် ၊ ၁၀-၂-၂၀၁၆

တရုတ် နှစ်သစ်ကူးပွဲတော် အတွက် လမ်းမများပေါ်တွင် တရားမဝင် တည်ဆောက် ထားသော လမ်းဘေးဆိုင် များကို အာဏာပိုင် များက ဖယ်ရှားရန် ကြိုးပမ်းစဉ် ရဲတပ်ဖွဲ့နှင့် ပျံကျဈေးသည် ဆန္ဒပြသမားများ အကြား ပြင်းထန်သည့် ပဋိပက္ခများ ယမန်နေ့တွင် ဖြစ်ပွားခဲ့ရာ ဟောင်ကောင် ရဲတပ်ဖွဲ့က သေနတ်ပစ်ဖောက် သတိပေးခဲ့ ရကြောင်း ရိုက်တာ သတင်းဌာနက ဖော်ပြခဲ့သည်။

ဆန္ဒပြသမား များသည် လမ်းဘေးမှ အုတ်ခဲများဖြင့် ရဲတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ခြင်း၊ လမ်းအမည် ဆိုင်းဘုတ်များ ဖြိုလဲခြင်း နှင့် အမှိုက်ပုံးများ မီးရှို့ခြင်းတို့ကို လုပ်ဆောင်ခဲ့ ကြသည်။

ဆန္ဒပြသမား များနှင့် ဟောင်ကောင် ရဲတပ်ဖွဲ့တို့အကြား ပြင်းထန်သော ပဋိပက္ခအတွင်း ဟောင်ကောင် ရဲတပ်ဖွဲ့ဝင်ဦးရေ ၉ဝ ခန့် ဒဏ်ရာများ ရရှိခဲ့ပြီး ပျံကျဈေးသည် ၅၄ ဦးတို့ ဖမ်းဆီးခံခဲ့ ရကြောင်း ရဲတပ်ဖွဲ့ တာဝန်ရှိသူ များက ပြောကြားခဲ့သည်။

ဆန္ဒပြ ပျံကျဈေးသည် အုပ်စုကို လူစုခွဲရန် အတွက် သေနတ်နှစ်ချက် သတိပေး ပစ်ခတ်ခဲ့ပြီး ငရုတ်ရည်ဖြန်းဘူး များနှင့် နံပါတ်တုတ် များကိုလည်း အသုံးပြုခဲ့ ရကြောင်း ဟောင်ကောင် ရဲတပ်ဖွဲ့က သတင်းထုတ်ပြန် ခဲ့သည်။

ဖေဖော်ဝါရီ ၈ ရက်က ပေါ်ပေါက်ခဲ့သည့် ပျံကျ လမ်းဘေးဈေးသည် များနှင့် ဟောင်ကောင်ရဲ တပ်ဖွဲ့တို့အကြား ပဋိပက္ခသည် ၂ဝ၁၄ ခုနှစ် ဒီမိုကရေစီ လှုပ်ရှားမှု ဆန္ဒပြပွဲများ နောက်ပိုင်း အပြင်းထန်ဆုံး အဓိကရုဏ်း ဖြစ်သည်။

လမ်းဘေး ဆိုင်ခန်းများထိုး၍ အိမ်သုံးပစ္စည်းများ၊ အစားအစာများ ရောင်းချနေသော တရားမဝင် ခေါင်းရွက် ဈေးသည်များ၊ ပျံကျ ဈေးသည်များ နှင့် ရဲတပ်ဖွဲ့အကြား ပေါ်ပေါက်ခဲ့သည့် အဓိကရုဏ်း များကို ဟောင်ကောင်ကျွန်း အုပ်ချုပ်ရေးမှူးက ဝေဖန်ရှုတ်ချ ခဲ့ကြောင်း သိရသည်။

ရတနာပုံနေ့စဉ် ၊ စာ(၃)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger