www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, February 17, 2016

ဟိုတယ်ဇုန်အသစ်များ ဆောင်ရွက်ရန် မရှိသော်လည်း ချောင်းသာကမ်းခြေ၌ ဟိုတယ်ဇုန်တိုးချဲ့ရန် စီစဉ်



ပုသိမ် ၊ ၁၇-၂-၂၀၁၆

မြန်မာနိုင်ငံ အတွင်း ဟိုတယ်ဇုန် အသစ်များ အကောင်အထည် ဖော်ရန် အစီအစဉ် မရှိသေး သော်လည်း ချောင်းသာ ကမ်းခြေ၌ ဟိုတယ်ဇုန် တိုးချဲ့ရန် စီစဉ်လျက် ရှိကြောင်း မြန်မာနိုင်ငံ ဟိုတယ် လုပ်ငန်းရှင်များ အသင်း မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

ချောင်းသာ ကမ်းခြေသည် မြန်မာနိုင်ငံ အတွင်း ပြည်တွင်းပြည်ပ ခရီးသွားများ အများဆုံး သွားရောက် အပန်းဖြေ ကြသော အပန်းဖြေ ကမ်းခြေတစ်ခု ဖြစ်ပြီး လက်ရှိ ဟိုတယ် များသည် နောက်ပိုင်း ခရီးသွား ဝင်ရောက်မှု ပိုမိုတိုးတက် လာပါက လုံလောက်မှု မရှိသော ကြောင့် ဟိုတယ်ဇုန် တိုးချဲ့ဆောင်ရွက်ရန် စီစဉ်နေခြင်း ဖြစ်သည်။

ထို့ပြင် ပြည်တွင်း ခရီးသွားများ တည်းခိုနိုင်သည့် ဈေးနှုန်း တစ်ခုဖြစ်ရန် လိုအပ်ပြီး သက်သာေ သာ နှုန်းထား ဖြစ်ရန်လည်း နောက်ပိုင်းတွင် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း၊ ဟိုတယ်ဇုန် တိုးချဲ့ခြင်းသည် ခရီးသွား လုပ်ငန်းကဏ္ဍ အတွက် များစွာ အထောက်အကူ ပြုကြောင်း၊ ချောင်းသာ ကမ်းခြေ၌ နိုင်ငံခြား ခရီးသွား ဧည့်သည် များကို ဆွဲဆောင် ထားသော ကျွန်းများလည်း ရှိသည့်အတွက် နှစ်စဉ် ခရီးသွား ဝင်ရောက်မှု တိုးတက်နေခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိ မြန်မာနိုင်ငံ၌ ဟိုတယ်ဇုန် ၁၉ ခုရှိပြီး ယမန်နျစ်က ရှမ်းပြည်နယ် (မြောက်ပိုင်း) ၌ ဟိုတယ်ဇုန် တစ်ခု တည်ထောင် ခဲ့သည်။ ယခုနှစ်အတွင်း မွန်ပြည်နယ်ရှိ ကျိုက်ထီးရိုး စေတီအနီး၌ ဟိုတယ်ဇုန် အသစ် စတင် ဆောက်လုပ် နေပြီး ဟိုတယ်ဇုန် အသစ်ကို သုံးနှစ်အတွင်း အပြီးသတ် ဆောက်လုပ် သွားမည် ဖြစ်ကြောင်း၊ ယခု ချောင်းသာ ဟိုတယ်ဇုန် တိုးချဲ့မည့် အစီအစဉ်ကို မည်သည့် အချိန်တွင် စတင် အကောင်အထည် ဖော်မည်ကို အတိအကျ မသိနိုင်သေး သော်လည်း စီစဉ်ထားမှု ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ အတွင်းရှိ တိုင်းဒေသကြီး နှင့် ပြည်နယ် ၁၄ ခုတွင် ဟိုတယ်ဇုန် ပေါင်း ၁၉ ခုအထိရှိပြီး ယင်း ဟိုတယ်ဇုန် များ၌ ဈေးဝယ်စင်တာ၊ လူနေတိုက်ခန်း၊ ကားပါကင်၊ ကစားကွင်းနှင့် အထပ်မြင့် တိုက်များ ပါဝင် တည်ဆောက် ထားကြောင်း၊ ဟိုတယ်ဇုန်များ ၌ ဟိုတယ် ဝန်ဆောင်မှု သင်တန်းများကို ယခုထက် အဆင့်မြှင့်တင် ရန်လိုအပ်ပြီး ခရီးသွား ဧည့်သည်များကို ဆွဲဆောင် ရာတွင် အဓိက ပါဝင်ကြောင်း၊ ချောင်းသာ အနီးရှိ ငွေဆောင် ဟိုတယ်ဇုန် ကိုလည်း ယခင်ထက် အဆင့်မြှင့် တင် ထားခြင်းကြောင့် ခရီးသွား ဝင်ရောက်မှု မှာ ယခင်နှစ်ထက် အနည်းငယ် တိုးတက် လာကြောင်း သိရသည်။

စိုးမိုး

မြ၀တီနေ့စဉ် ၊ စာ(၁၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger