www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, February 17, 2016

လက်မှုမှသည် အနုပညာဆီသို့ မြန်မာ့လက်မှု အနုပညာပြပွဲနှင့် လက်မှုပစ္စည်း အရောင်းပွဲတော် ကျင်းပမည်



ရန်ကုန် ၊ ၁၇-၂-၂၀၁၆

လက်မှုအနုပညာ ဖန်တီးမှုလက်ရာ အသစ်များကို ခင်းကျင်းပြသမည့် လက်မှုမှသည် အနုပညာဆီသို့ မြန်မာ့လက်မှု အနုပညာ အရောင်းပွဲတော်ကို ဗြိတိသျှ ကောင်စီ၊ SDC (Swiss Agency for Development and Cooperation) နှင့် New Zero Art Space တို့ ပူးပေါင်းကျင်းပမည် ဖြစ်သည်။

အဆိုပါပြပွဲကို ရန်ကုန်မြို့ရှိ ကန်တော်ကြီး အပန်းဖြေဥယျာဉ် အတွင်းရှိ ကရဝိက် ဥယျာဉ်၌ ဖေဖော်ဝါရီ ၂၆ ရက်မှ မတ် ၁ ရက်အထိ နေ့စဉ်နံနက် ၁ဝ နာရီမှ ည ၉ နာရီအထိ ငါးရက်ကြာ ကျင်းပသွားမည် ဖြစ်ကြောင်း New Zero Art Space မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

ယင်းပြပွဲတွင် ပင်မပြခန်း တစ်ခုနှင့် လက်မှုမှသည် အနုပညာဆီသို့ စီမံကိန်းတွင် ပါဝင်ခဲ့ကြသည့် နယ်ပယ်ဒေသ အသီးသီးမှ လက်မှုပညာရှင် များ၏ ဆိုင်ခန်းများ၊ ရန်ကုန်မြို့ရှိ တခြားလက်မှု ဆိုင်ရာ အဖွဲ့အစည်းများ အရောင်းဆိုင်များ၊ ပညာရှင်များ လာရောက်ဖွင့်လှစ် ရောင်းချမည့် ဆိုင်ခန်းများ စုစုပေါင်း ဆိုင်ခန်း ၅ဝ ကျော် ပါဝင်ပြသ ရောင်းချသွားမည် ဖြစ်သည်။

ထို့ပြင် ပြပွဲတွင် လက်မှု ပညာရပ်များ အနေဖြင့် မြေထည်နှင့် စဥ့်ထည်လုပ်ငန်း၊ ရှမ်းရိုးရာ ယွန်းထည်၊ ငွေထည်၊ ဝါးလက်မှု ပညာရပ်များ၊ ကျောက်သင်ပုန်းနှင့် ကျောက်ဆစ်လက်မှု ပညာရပ်များ၊ သစ်သားပန်းပုနှင့် သစ်သားလက်မှု ပညာရပ်၊ ကချင်ရိုးရာ ချည်ထည်များ၊ ချင်းရိုးရာ ချည်ထည်များ၊ နာဂရိုးရာ ချည်ထည်များ၊ ကနုကမာ ဖန်တီးမှု လက်ရာများ၊ ရွှေချည်ထိုး ရုပ်သေး နှင့် ဆေးတံများ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ် (တောင်ပိုင်း) အင်းလေး၊ ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊ မန္တလေးမြို့၊ ချင်းပြည်နယ် မတူပီမြို့၊ စစ်ကိုင်းတိုင်း ဒေသကြီး ကလေးမြို့၊ တနင်္သာရီတိုင်း ဒေသကြီး ထားဝယ်မြို့နှင့် မွန်ပြည်နယ် ချောင်း ဆုံမြို့နယ် စသည့်ဒေသ အသီးသီးမှ ပါဝင်ပြသမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါပြပွဲသို့ လက်မှုပညာရှင် တချို့ နှင့်ဒေသဆိုင်ရာ လက်မှုပညာရှင် ကိုယ်စားလှယ် များလည်း လာရောက် ကြမည်ဖြစ်ပြီး လက်မှုပညာကို ချစ်မြတ်နိုးသူ မည်သူမဆို လာရောက် ကြည့်ရှု၍ မေးမြန်း ဆွေးနွေးမှုများ လုပ်ဆောင် နိုင်ကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၃)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger