www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, February 18, 2016

(၇၁)ကြိမ်မြောက် တပ်မတော်နေ့ ကျင်းပရေး ဦးစီးကော်မတီ တတိယအကြိမ် ညှိနှိုင်း အစည်းအဝေးကျင်းပ


(၇၁)ကြိမ်မြောက် တပ်မတော်နေ့ ကျင်းပရေးဦးစီးကော်မတီ တတိယအကြိမ် ညှိနှိုင်းအစည်းအဝေး ကျင်းပစဉ်

နေပြည်တော် ၊ ၁၈-၂-၂၀၁၆

(၇၁)နှစ်မြောက် တပ်မတော်နေ့ ကျင်းပရေး ဦးစီးကော်မတီ တတိယအကြိမ် ညှိနှိုင်း အစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီတွင် တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ်ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ရာ တပ်မတော်နေ့ ကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ် ဗိုလ်ချုပ် မောင်မောင်အေး၊ ကော်မတီများနှင့် ဆပ်ကော်မတီများမှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် တပ်မတော်နေ့ ကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌက (၇၁)နှစ်မြောက် တပ်မတော်နေ့အား အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် သက်ဆိုင်ရာ လုပ်ငန်းအဖွဲ့၊ ကော်မ တီများ၏ ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားပြီး ကော်မတီနှင့် ဆပ်ကော်မတီ များက လုပ်ဆောင်ရမည့် လုပ်ငန်းဆိုင်ရာ များကို အသေးစိတ် ရှင်းလင်းတင်ပြ ကြသည်။

ယင်းနောက် တပ်မတော်နေ့ ကျင်းပရေးဦးစီး ကော်မတီ ဥက္ကဋ္ဌက ရှင်းလင်း တင်ပြမှုများ က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး နိဂုံးချုပ် အမှာစကား ပြောကြားသည်။

(၇၁)နှစ်မြောက် တပ်မတော်နေ့ ကျင်းပရေးဦးစီး ကော်မတီ ပထမအကြိမ်ညှိနှိုင်း အစည်းအဝေးကို ဇန်နဝါရီ ၆ ရက်တွင် လည်းကောင်း၊ ဒုတိယအကြိမ် ညှိနှိုင်း အစည်းအဝေး ကို ဇန်နဝါရီ ၂၅ ရက်တွင် လည်းကောင်း အသီးသီးပြုလုပ် ခဲ့ကြောင်း သိရှိရသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၁၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger