www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, February 17, 2016

အပြည်ပြည်ဆိုင်ရာ ရေတပ် စစ်ရေယာဉ်များ တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သော စစ်ရေယာဉ် (အောင်ဇေယျ) ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ


မြန်မာ့ တပ်မတော် (ရေ)မှ စစ်ရေယာဉ် (အောင်ဇေယျ) 
ရန်ကုန်မြို့ရှိ အမှတ်(၃)ရေတပ် ဆိပ်ခံတံတား (သီလဝါ) သို့ ပြန်လည် ရောက်ရှိလာရာ
ရေတပ် လေ့ကျင့်ရေး ဌာနချုပ် ဌာနချုပ်မှူးနှင့် တပ်မတော် (ရေ)မှ အရာရှိ၊ စစ်သည်၊ မိသားစုများက ကြိုဆိုနှုတ်ဆက်ကြစဉ်

နေပြည်တော် ၊ ၁၇-၂-၂၀၁၆

အိန္ဒိယနိုင်ငံ၊ အရှေ့ပိုင်း ရေတပ်စခန်း ဌာနချုပ် (Eastern Naval Command) တည်ရှိသည့် အိန္ဒိယအရှေ့ပိုင်း Andhra Pradesh ပြည်နယ်၊ VISAKHAPATNAM ဆိပ်ကမ်းတွင် ကျင်းပ ပြုလုပ်သည့် အပြည်ပြည် ဆိုင်ရာ ရေတပ် စစ်ရေယာဉ်များ တွေ့ဆုံပွဲ (International Fleet Review-2016) သို့ တက်ရောက်ခဲ့သည့် မြန်မာ့ တပ်မတော် (ရေ)မှ စစ်ရေယာဉ် (အောင်ဇေယျ) သည် ယမန်နေ့နံနက် ၉ နာရီ မိနစ်၂ဝ တွင် ရန်ကုန်မြို့ရှိ အမှတ်(၃)ရေတပ် ဆိပ်ခံတံတား (သီလဝါ) သို့ ပြန်လည် ရောက်ရှိလာရာ ရေတပ် လေ့ကျင့်ရေး ဌာနချုပ် ဌာနချုပ်မှူးနှင့် တပ်မတော် (ရေ)မှ အရာရှိ၊ စစ်သည်၊ မိသားစုများက ကြိုဆိုနှုတ်ဆက် ကြသည်။

အဆိုပါ စစ်ရေယာဉ်ဖြင့် လိုက်ပါခဲ့သော မြန်မာ့ တပ်မတော်(ရေ)မှ အရာရှိ၊ စစ်သည် များသည် အပြည်ပြည် ဆိုင်ရာ ရေတပ် စစ်ရေယာဉ်များ တွေ့ဆုံပွဲ ဖွင့်ပွဲ အခမ်းအနား၊ အိန္ဒိယ သမ္မတ က နိုင်ငံတကာ စစ်ရေယာဉ် များကို ကြည့်ရှု စစ်ဆေးခြင်း၊ ဂုဏ်ပြု ညစာစားပွဲ ပြုလုပ်ခြင်း၊ အပြည်ပြည်ဆိုင်ရာ ရေကြောင်း နှီးနှော ဖလှယ်ပွဲ ပြုလုပ်ခြင်း၊ စွမ်းရည်ပြ သရုပ်ပြခြင်း၊ နိုင်ငံတကာ တပ်ဖွဲ့ဝင်များ စစ်ရေးပြ ပြုလုပ်ခြင်းနှင့် ပိတ်ပွဲ အခမ်းအနား တို့ကို တက်ရောက် ခဲ့ကြပြီး အိန္ဒိယရေတပ်မှ စစ်ရေယာဉ် INS-VIRAAT၊ INS-KHUKRI နှင့် INS- MYSORE တို့အား သွားရောက် လေ့လာခြင်း၊ အိန္ဒိယနိုင်ငံ၏ အထင်ကရ နေရာများ ဖြစ်သော NEWDELHI မြို့၊ BUDDHA GAYA မြို့၊ AGRA မြို့နှင့် VIZAG မြို့များ သို့ လေ့လာရေးခရီး သွားရောက်ခြင်း၊ BLAIR ဆိပ်ကမ်းရှိ အိန္ဒိယရေတပ်မှ အရာရှိ၊ စစ်သည်များနှင့် နှစ်နိုင်ငံ ချစ်ကြည်ရေး အားကစား ပြိုင်ပွဲများ ယှဉ်ပြိုင် ကစားခြင်းနှင့် နှစ်နိုင်ငံ စစ်ရေယာဉ်များ အပြန်အလှန် လည်ပတ်ခြင်း များ ဆောင်ရွက် ခဲ့ကြသည်။

ထို့အပြင် စစ်ရေယာဉ် (အောင်ဇေယျ) အိန္ဒိယတွင် ရောက်ရှိနေစဉ် ကာလအတွင်း အိန္ဒိယရေတပ်မှ အရာရှိ၊ စစ်သည်များ ကလည်း လာရောက် လေ့လာခဲ့ကြ ကြောင်းနှင့် ယခု သွားရောက် ခဲ့သော ခရီးစဉ်သည် စုစုပေါင်း ရေမိုင် ၂၆၇၃ မိုင်ခန့် ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger