www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, February 17, 2016

အိန္ဒိယနိုင်ငံရေတပ် မှ စစ်ရေယာဉ်နှစ်စင်း ရန်ကုန်မြို့သို့ ချစ်ကြည်ရေးခရီး ရောက်ရှိ


အိန္ဒိယနိုင်ငံရေတပ်မှ စစ်ရေယာဉ် INS SARYU နှင့် INS BITRA တို့ 
ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်း MITT တံတားသို့ ရောက်ရှိ 

နေပြည်တော် ၊ ၁၇-၂-၂၀၁၆

အိန္ဒိယနိုင်ငံရေတပ်မှ စစ်ရေယာဉ် INS SARYU နှင့် INS BITRA တို့သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတွင် ချစ်ကြည်ရေး ခရီး လည်ပတ်ရန် အတွက် ယမန်နေ့နံနက် ၉ နာရီ ၁ဝ မိနစ်တွင် ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်း

MITT တံတားသို့ ရောက်ရှိလာရာ တပ်မတော်(ရေ)မှ အရာရှိကြီးများ၊ မြန်မာနိုင်ငံ ဆိုင်ရာ အိန္ဒိယနိုင်ငံ စစ်သံမှူးနှင့် အရာရှိ၊ စစ်သည်များက ကြိုဆိုနှုတ်ဆက် ကြသည်။

အဆိုပါ စစ်ရေယာဉ်တွင် အိန္ဒိယနိုင်ငံ ရေတပ်မှ COMMANDING OFFICER ဖြစ်သူ စစ်ရေယာဉ်မှူး CDR SREEKUMAR PILLAI ဦးစီး၍ အရာရှိ၊ စစ်သည် စုစုပေါင်း ၁၇၄ ဦးလိုက်ပါ လာပြီး မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီ ၁၈ ရက်အထိ သုံးရက်ကြာ နေထိုင်၍ လေ့လာလည်ပတ် သွားမည် ဖြစ်ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger