www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, February 29, 2016

သောက်သုံးရေ ပြတ်လပ်သဖြင့် အကူအညီ ပေးရသည့်ကျေးရွာ ၃၃ ရွာရှိ


ရန်ကုန် ၊ ၂၉-၂-၂၀၁၆

သောက်သုံးရေ ရှားပါးပြတ်လပ် သဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနသို့ ရေအကူအညီ တောင်းခံ သောကြောင့် အကူအညီပေး ရမှုသည် ဖေဖော်ဝါရီ ၂၅ ရက်အထိ တိုင်းဒေသကြီး လေးခု၊ ပြည်နယ် တစ်ခုနှင့် နေပြည်တော် ကောင်စီနယ်မြေ တို့ရှိ စုစုပေါင်းမြို့နယ် ၁၃ မြို့နယ်မှ ကျေးရွာ ၃၃ ရွာရှိပြီဖြစ်ကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

ထိုကဲ့သို့ အကူအညီ ပေးရာတွင် စစ်ကိုင်းတိုင်း ဒေသကြီး စစ်ကိုင်းမြို့နယ် ၌ ကျေးရွာတစ်ရွာ၊ ပဲခူးတိုင်း ဒေသကြီး သနပ်ပင် မြို့နယ်၌ ကျေးရွာတစ်ရွာ၊ မကွေးတိုင်း ဒေသကြီး ချောက်နှင့် ပခုက္ကူမြို့နယ် တို့၌ ကျေးရွာ
ငါးရွာ၊ မန္တလေးတိုင်း ဒေသကြီး မြစ်သား၊ တံတားဦး၊ ရမည်းသင်း၊ တောင်သာ၊ ပျော်ဘွယ်၊ ပုသိမ်ကြီးနှင့် ညောင်ဦးမြို့နယ် တို့၌ ကျေးရွာ ၂၁ ရွာ၊ မွန်ပြည်နယ် မော်လမြိုင် မြို့နယ်၌ ကျေးရွာတစ်ရွာ နှင့် နေပြည်တော်
ကောင်စီနယ်မြေ ဇေယျာသီရိ မြို့နယ်၌ ကျေးရွာလေးရွာ တို့ဖြစ်ပြီး အဆိုပါ ကျေးရွာ ၃၃ ရွာသို့ ရေဂါလန်ပေါင်း ၆၂ဝဝဝ ခန့် ပေးပို့ထားကြောင်း သိရသည်။

ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန၏ လေ့လာချက် အရ မြို့နယ်ပေါင်း ၁၇၆ မြို့နယ်မှ ကျေးရွာပေါင်း ၁၇၆၁ ရွာခန့်၌ မတ်၊ ဧပြီနှင့် မေလတို့တွင် သောက်သုံးရေ ပြတ်လပ်နိုင်သည့် အခြေအနေ ရှိကြောင်း သိရသည်။

ထို့ပြင် မန္တလေးတိုင်း ဒေသကြီး၌ မြစ်သား၊ တံတားဦး၊ ရမည်းသင်း၊ တောင်သာ၊ ပျော်ဘွယ်၊ ညောင်ဦး၊ မိတ္ထီလာနှင့် ငါန်းဇွန်မြို့နယ်တို့မှ ကျေးရွာ၂၅ ရွာ၊ မကွေးတိုင်း ဒေသကြီး၌ ချောက်၊ ဆင်ပေါင်ဝဲ နှင့် ပခုက္ကူမြို့နယ် တို့မှ ကျေးရွာတစ်ရွာ စီကို ရေအကူအညီ ပေးနေရကြောင်း၊ ဧရာဝတီတိုင်း ဒေသကြီး၌ သောက်သုံးရေ အခက်အခဲ ကြုံတွေ့နိုင်သည့် ကျေးရွာ အများဆုံး ရှိနေပြီး ပဲခူးတိုင်း ဒေသကြီး၊ ရှမ်းပြည်နယ် နှင့် ရခိုင်ပြည်နယ် တို့၌လည်း ရေပြတ်လပ် နိုင်သည့် ကျေးရွာ အများအပြား ရှိကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger