www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, February 10, 2016

မပူမအေးဥတု သတိပြု


မပူမအေးဥတု သတိပြု

ကြည်မြင့်လွင် (မုဒြာ)

ရာသီဥတုက ဆောင်းအကုန် နွေအကူး တစ်ညလုံး စောင်ခြုံနှင့် ကွေးနေရာမှ အအေးပေါ့ လာသဖြင့် နံနက်စောစော ထပြီး နေအိမ်ရှေ့တွင် ရေဖျန်းသူ လူကြီးတစ်ဦးမှာ လေဖြတ်သွားသည်။ အသက် ၇ဝ ခန့်ရှိသည့် ထိုလူကြီးသည် အိမ်ရှေ့တွင် ကား၊ ဆိုင်ကယ်များ ဖြတ်သန်း သွားလျှင် ဖုန်ထသဖြင့် ရေပုံးဖြင့် ဆွဲပြီး ရေဖျန်းခြင်း ဖြစ်သည်။ ရုတ်တရက် ကိုယ်တစ်ခြမ်း လေးလာသဖြင့် အိမ်အတွင်းမှ မိသားစုများကို လှမ်းခေါ်သော အခါ စကားမပီ ဗလုံးဗထွေး ဖြစ်မှ လေဖြတ်မှန်း သိသည်။ ဆေးရုံရောက် သော အခါ သွေးပေါင်ချိန် များစွာ မြင့်တက်ပြီး လေဖြတ်ရခြင်း ဖြစ်သည်ဟု သိရသည်။

လေဖြတ်သူ အတော် များများသည် နံနက်စောစော အရုဏ် တက်ချိန်တွင် ဖြစ်လေ့ရှိသည်။ အနောက်တိုင်း သုတေသီများက သွေးတိုးလေဖြတ်သူ များသည် နံနက် ၁ဝ နာရီအတွင်း အဖြစ်များသည်ဟု ဆိုသည်။

နံနက်စောစော အိမ်ရာမှထပြီး အိမ်သာတက်ရာမှ လဲကျ လေဖြတ်သူ၊ အချို့မှာ အိမ်သာအတွင်း မှာပင် လေဖြတ်နေသူ များစွာသည် သွေးတိုး ဆောင့်တက်ပြီး ဖြစ်ရသည်။ ရုတ်တရက် သွေးတိုး ရခြင်း၏ အကြောင်းရင်းခံ မှာလည်း အအေးပတ်ပြီး ဦးခေါင်းပိုင်း လည်ပင်းရှိ သွေးကြောကြီးများ ကျုံ့သွားရာမှ သွေး ကို ညှစ်ထုတ် သကဲ့သို့ဖြစ်ပြီး ဦးနှောက်သွေးကြော ပေါက်ခြင်း၊ သွေးကြောနံရံမှ သွေးခဲအချို့ ပြုတ်ထွက်ပြီး ဦးနှောက်အတွင်းသို့ ရောက်ရှိကာ ပိတ်ဆို့ သွားခြင်းဟူသည့် အကြောင်း နှစ်မျိုးကြောင့် လေဖြ တ်ရခြင်း ဖြစ်သည်။

တစ်ညလျှင် လေး၊ငါးကြိမ် ဆီးထသွားလေ့ ရှိသည့် လူကြီးများ၊ အထူးသဖြင့် အမျိုးသား လူကြီးများသည် လေဖြတ်နိုင်ခြေ ပို၍ရှိသည်ကို လေ့လာတွေ့ရှိ ရသည်။ မြန်မာလူမျိုး တို့၏ အိမ်ဆောက်သည့် ဓလေ့မှာ အိမ်အတွင်းတွင် အိမ်သာမထား၊ အိမ်အပြင် ဘက်တွင် အိမ်သာထားလေ့ ရှိသောကြောင့် အိမ်အပြင်ဘက်ထွက်သွားရာမှ အအေးပတ်ပြီး လေဖြတ်နိုင် သဖြင့် လူကြီးများအတွက် အခန်းတွင်းတွင် ဆီးသွားရန် ဆီးအိုး ထားပေးခြင်းဖြင့် ပြင်ပလေဖြင့် အအေးပတ် လေဖြတ်ခြင်းမှ ကာကွယ်နိုင်သည်။

လေဖြတ်ခြင်းသည် အဆီနှင့်အငန် အစားများသဖြင့် နှစ်ချီ၍ ရှေ့ပြေး လက္ခဏာများ ပြနေပြီး ဖြတ်ရခြင်း ရှိသကဲ့သို့ အခန့်မသင့်၍ ရုတ်တရက် အပူအအေး မညီမျှမှုကြောင့် လေဖြတ်ရခြင်း လည်းရှိသည်ကို သတိပြု သင့်သည်။

ဆောင်းအကုန် နွေအကူးတွင် အအေးပေါ့ သွားသဖြင့် အင်္ကျီချွတ်နှင့် သို့မဟုတ် အင်္ကျီအပါးဖြင့် အပြင်ထွက် အလုပ်လုပ် သူများ ရုတ်တရက် ကိုယ်တွင်းအပူ ငုပ်ပြီး ချမ်းလာသလို ဖြစ်ရာမှ သွေးကြောများ ကျုံ့ပြီး သွေးပေါင်တက် လာတတ်သည်။ ယခင်က သွေးတိုးမရှိဖူး ပါဘူးဟု ပြောသူများ ပို၍ပင် လေဖြတ်လေ့ ရှိသည်ကို တွေ့ရသည်။ သွေးတိုးရှိသဖြင့် ကုသမှုခံယူပြီး ဆေးမှန်မှန် သောက်၊ အစားဆင်ခြင် နေသဖြင့် လေဖြတ်ခံရမှု နည်းပါးပြီး သွေးတိုးမရှိသူ၊ တစ်ခါတစ်ရံ သွေးတက်မှ ဆေးသော က်လေ့ ရှိသူများက ပို၍ လေဖြတ်နိုင်ခြေ ရှိသည်ကို တွေ့ရသည်။

နံနက်အိပ်ရာထ (မျက်နှာမသစ်မီ) ရေအေးတစ်ခွက် သောက်ပေးခြင်းဖြင့် အစာအိမ်မှ တစ်ဆင့် ကိုယ်တွင်းအောင်း နေသော အပူများကို ငြိမ်းစေနိုင်သည်။ ရေသောက်ပြီးမှ မျက်နှာသစ်၊ မျက်နှာသစ်ပြီး မှ သွားတိုက်ခြင်းသည် မှန်ကန်သော ကျန်းမာရေး လမ်းစဉ်ဖြစ်သည်။ နံနက်အိပ်ရာထ ရေချိုးလေ့ ရှိသူများသည် ဆောင်းတွင်းတွင် ရေမချိုးရဲကြ၊ ဆောင်းအကုန် အအေးပေါ့ လာသောအခါ ရေချိုးချင် လာကြသည်။ ရေမချိုးတာ ကြာ၍ အကျင့်မရှိ ဖြစ်နေရာမှ ရေချိုး လိုက်ချိန်တွင် အခန့်မသင့်လျှင် အအေးပတ်ခြင်း၊ သွေးတိုးတက်ခြင်း ဖြစ်နိုင်သဖြင့် ရေနွေးအနည်းငယ် စပ်ချိုးသင့်သည်။ ရေနွေးနွေးချိုးပြီး အပြီးသတ်မှသာ ရေအေး ချိုးခြင်းဖြင့် ရုတ်တရက် လေဖြတ်ခြင်းမှ ကာကွယ် နိုင်ကြောင်း တင်ပြလိုက်ရ ပါသည်။

ရတနာပုံနေ့စဉ် ၊ စာ(၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger