www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, February 10, 2016

FBI ၀န်ထမ်း နှစ်သောင်းကျော်၏ လိပ်စာနှင့် အချက်အလက်များကို ဟက်ကာများက ဖြန့်ဝေခဲ့



ဝါရှင်တန် ၊ ၁၀-၂-၂၀၁၆

အမေရိကန် ပြည်ထောင်စုတွင် ဟက်ကာများသည် အစိုးရရုံး၊ လုပ်ငန်းနှင့် အဖွဲ့အစည်း များကို ပစ်မှတ်ထား တိုက်ခိုက်လျက် ရှိရာ ပြည်ထဲရေး ဝန်ကြီးဌာန ဝန်ထမ်းများ၏ ဆက်သွယ်ရန် လိပ်စာပေါင်း ၁ဝဝဝဝ ကျော်ကို လူသိရှင်ကြား ဖြစ်အောင် ဖြန့်ဝေပြီး တစ်ရက်ခြားတွင် FBI ဝန်ထမ်းပေါင်း နှစ်ေ သာင်းကျော် တို့၏ လိပ်စာ နှင့် ဖုန်းနံပါတ်၊ e-Mail လိပ်စာ အစရှိသည် များကို ထပ်မံဖြန့်ဝေ ခဲ့ကြောင်း သိရသည်။

မိမိတို့သည် တရားရေးဌာန၏ ဒေတာဘေ့စ်ကို ချိုးဖောက် ဝင်ရောက်နိုင်ခဲ့ပြီး အမေရိကန် ပြည်ထောင်စု တစ်ဝန်းလုံးရှိ ဝန်ထမ်းများ၏ ကိုယ်ရေး အချက်အလက် များကို ရရှိထားပြီ ဖြစ်ကြောင်း၊ ဟက်ကာများက ၄င်းတို့ @Dot-Govs တွစ်တာအကောင့်မှ ရေးသားဖော်ပြ နေကြောင်း ၊ FBI နှင့် ပြည်ထဲရေးဝန်ကြီး ဌာနတို့၏ ဝန်ထမ်းလိပ်စာ များကို တမင်ရည်ရွယ် ဖြန့်ဝေခြင်း ဖြစ်ကြောင်း သိရသည်။

၎င်း ဝန်ထမ်းများ၏ အမည်၊ ရာထူး၊ ဖုန်းနံပါတ်၊ အီးမေးလ်လိပ်စာ များကို ဖြန့်ဝေခဲ့ပြီး ဟက်ကာများက တရားရေးဌာန သည် လွန်ခဲ့သော ရက်သတ္တ တစ်ပတ် ကတည်းက ၄င်း၏ ကွန်ပျူတာ စနစ်တစ်ခုလုံး ချိုးဖောက်ခံရ သည်ကို မသိခဲ့ဟု ပြက်ရယ်ပြု ထားသည်။ တရားရေးဌာနက ၄င်းကိစ္စကို စုံစမ်းစစ်ဆေး နေပြီဖြစ်ကြောင်း သိရသည်။

''တရားရေးဌာနရဲ့ ဝန်ထမ်းရေးရာ မှတ်တမ်း ကွန်ပျူတာ တွေကို ပြင်ပကနေ ချိုးဖောက် ဝင်ရောက် ထားတာ တွေ့ရပါတယ်။ အဲဒီ ချိုးဖောက် ဝင်ရောက်မှုကို စုံစမ်းစစ်ဆေး နေပါတယ်။ ကျွန်တော်တို့ရဲ့ ဝန်ထမ်း အင်အားကို အခုလို ဝင်ရောက် ချိုးဖောက် နှောင့်ယှက် တဲ့အပေါ် ကျွန်တော်တို့ ဌာနကနေ ပြင်းပြင်းထန်ထန် တုံ့ပြန်သွား ပါမယ်။ လုံခြုံရေး စနစ်တွေကိုလဲ တိုးမြှင့်ဆောင်ရွက် နေပါတယ်။ အခုလို ပြစ်မှုမြောက်တဲ့ ကျူးလွန်မှုတွေ ပြုလုပ်သွားတဲ့ ဟက်ကာ တွေကိုလဲ အမြန်ဆုံး ဖမ်းဆီး အပြစ်ပေး ပါမယ်'' ဟု တရားရေးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

''အမေရိကန် အစိုးရက အစ္စရေးနဲ့ ပတ်သက်မှုကို မဖြတ်တောက် မချင်း ကျွန်တော်တို့ တိုက်ခိုက် နေအုံးမှာပါ။ ဒါကို သူတို့ ဘယ်တော့မှ သဘောပေါက် ကြမှာလဲ'' ဟု ဟက်ကာများက တွစ်တာမှ တစ်ဆင့် သရော်ထားသည်။

၎င်း ဟက်ကာများမှာ မည်သည့်နိုင်ငံ၊ မည်သည့် အဖွဲ့အစည်း များဖြစ်သည်ကို ခန့်မှန်း၍ မရနိုင် သေးကြောင်း သိရသည်။

ရတနာပုံနေ့စဉ် ၊ စာ(၁၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger