www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, February 14, 2016

မြန်မာနှစ်သစ်ကူးအကြို (၁၃)ကြိမ်မြောက် ရန်ကုန်ပရိဘောဂပြပွဲ တပ်မတော်ခန်းမ၌ ကျင်းပမည်



ရန်ကုန် ၊ ၁၄-၂-၂၀၁၆

ပြည်တွင်းရှိ ပရိဘောဂလုပ်ငန်း လုပ်ကိုင်ကြသော ကုမ္ပဏီများနှင့် လုပ်ငန်းရှင်များ ပူးပေါင်းပြီး 13th Yangon Lifestyle Furniture Fair ကို ရန်ကုန်မြို့ ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမ၌ မတ် ၂၄ ရက်မှ ၂၈ ရက်အထိ ငါးရက်ကြာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပရိဘောဂပြပွဲသည် ရန်ကုန်မြို့၌ ကျင်းပလေ့ရှိသော ရောင်းအား မြင့်မားသည့် အရောင်းပြပွဲများ ထဲ၌ တစ်ခုအပါအဝင် ဖြစ်ပြီး ၂ဝ၁ဝ ပြည့်နှစ်မှ စတင်ကာ တစ်နှစ်လျှင် နှစ်ကြိမ်ပုံမှန် ကျင်းပခဲ့ကြောင်း သိရသည်။

ယခုကျင်းပမည့် နှစ်သစ်ကူး အကြို 13th Yangon Lifestyle Furniture Fair ဖြစ်မြောက်ရေး အတွက် Thousand Islands Business Group မှ ကြီးမှူးစီစဉ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

13th Yangon Lifestyle Furniture Fair တွင် ကုမ္ပဏီပေါင်း ၃၃ ခုမှ ပြခန်းပေါင်း ၁၇ဝ နီးပါး စီစဉ်ပြသမည် ဖြစ်ပြီး ပြည်တွင်းပြည်ပမှ ထုတ်လုပ်သော ပရိဘောဂ ပစ္စည်းများ၊ မင်္ဂလာခန်းဝင် ပစ္စည်းများနှင့် တခြားသော အိမ်သုံးပရိဘောဂ များကို အမျိုးအစား စုံလင်စွာ ခင်းကျင်းပြသ ရောင်းချကြ မည် ဖြစ်ကြောင်း သိရသည်။

ပြပွဲကျင်းပစဉ် ရက်များအတွင်း လာရောက်ဝယ်ယူ အားပေးသူများ အတွက် နေ့စဉ် ၃၂ လက်မ LED TV နှင့် တခြားအဖိုးတန် ဆုမဲပေါင်းများစွာ ကိုလည်း ကံစမ်းမဲ ဖောက်ပေး သွားမည် ဖြစ်သည်။ ၂ဝ၁၅ ခုနှစ် သြဂုတ်လ အတွင်းက (၁၂) ကြိမ်မြောက် Yangon Lifestyle Furniture Fair ကို ရန်ကုန်မြို့ရှိ တပ်မတော်ခန်းမ ၌ပင် ကျင်းပခဲ့ရာ ဝယ်ယူသူ အများအပြား လာရောက်ဝယ်ယူ အားပေးခဲ့ကြပြီး 13th Yangon Lifestyle Furniture Fair တွင်လည်း ရောင်းအား ကောင်းမည်ဟု ခန့်မှန်း ထားကြောင်း အဆိုပါပွဲ ဖြစ်မြောက်ရေး ဆောင်ရွက်လျက် ရှိသည့် ကုမ္ပဏီမှ သိရသည်။

မိုးယံထက်

မြ၀တီနေ့စဉ် ၊ စာ(၃)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger