www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, February 17, 2016

(၂၃)ကြိမ်မြောက် မြန်မာ့တပ်မတော် ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ


စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦး ပြခန်းအတွင်း ခင်းကျင်းပြသထားသော ဆေးနှင့် ဆေးပစ္စည်းများကို လှည့်လည်ကြည့်ရှုစဉ်

နေပြည်တော် ၊ ၁၇-၂-၂၀၁၆

(၂၃)ကြိမ်မြောက် မြန်မာ့ တပ်မတော် ဆေးပညာရပ် ဆိုင်ရာ နှီးနှော ဖလှယ်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး ၊ မင်္ဂလာဒုံမြို့နယ် ရှိ တပ်မတော် အရိုးရောဂါ အထူးကု ဆေးရုံကြီး၌ ကျင်းပ ပြုလုပ်ရာ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦး၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးဇော်သိန်း၊ တပ်မတော် ဆေးသုတေသန နှင့် ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ် စိုးဝင်း၊ ဆေးဝန်ထမ်း တပ်ဖွဲ့မှ တပ်ရင်း/ တပ်ဖွဲ့မှူးများ နှင့်ပါရဂူများ၊ နိုင်ငံတကာ မှ ဆေးပညာရှင်များ၊ ကျန်းမာရေး ဝန်ကြီးဌာန မှ ဖိတ်ကြား ထားသူများနှင့် စိတ်ပါ ဝင်စားသူ များ တက်ရောက် ကြသည်။

ဦးစွာ စစ်ရေးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ဆန်းဦး က အဖွင့် အမှာစကား ပြောကြားပြီး တက်ရောက် လာကြ သူများသည် ခန်းမအတွင်း ပြသထားသော ဆေးပညာရပ် ဆိုင်ရာ သုတေသန ပိုစတာများနှင့် ပြခန်းတွင် ခင်းကျင်းပြသ ထားသော ဆေးနှင့် ဆေးပစ္စည်း များအား လှည့်လည် ကြည့်ရှု ကြသည်။

ထို့နောက် (၂၃)ကြိမ်မြောက် မြန်မာ့ တပ်မတော် ဆေးပညာ ရပ်ဆိုင်ရာ နှီးနှော ဖလှယ်ပွဲ၏ ပညာရပ်ဆိုင်ရာ ဆွေးနွေးပွဲကို ဆက်လက် ပြုလုပ်ရာ ဗိုလ်ချုပ် စိုးဝင်း က အဖွင့် အမှာစကား ပြောကြားပြီး သက်ဆိုင်ရာ ဘာသာရပ် အလိုက် သုတေသန စာတမ်းများ ဖတ်ကြားခြင်း နှင့် ဘာသာရပ် ဆိုင်ရာ ဟောပြောမှု များကို ဆက်လက် ပြုလုပ်ကြသည်။

အဆိုပါ နှီးနှောဖလှယ် ပွဲတွင် သုတေသန စာတမ်းပေါင်း ၄၆ စောင်၊ သုတေသန ပိုစတာပေါင်း ၅၃ စောင်၊ Symposium ၁၃ ခု၊ Clinico-Pathological Conference တစ်ခု၊ Clinical Session တစ်ခု၊ Special Talks လေးခု၊ Debate တစ်ခုနှင့် Building Shared Vision in Military Medicine တစ်ခုတို့အား ဖေဖော်ဝါရီ ၁၉ ရက်အထိ ကျင်းပသွားမည် ဖြစ်ကြောင်း သိရှိရသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၃၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger