www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, January 6, 2016

အိန္ဒိယကမ်းခြေစောင့် တပ်ဖွဲ့ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ လေ့လာရေးခရီး ရောက်ရှိ




နေပြည်တော် ၊ ၆-၁-၂၀၁၆

အိန္ဒိယသမ္မတ နိုင်ငံ၊ အိန္ဒိယ ကမ်းခြေစောင့် တပ်ဖွဲ့မှ ညွှန်ကြားရေးမှူးချုပ် ဖြစ်သူ Vice Admiral HCS Bishi, AVSM ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် မြန်မာနိုင်ငံတွင် ချစ်ကြည်ရေး ခရီး လည်ပတ်ရန် အတွက် ယမန်နေ့ မွန်းလွဲ  ၂ နာရီခွဲတွင် လေကြောင်း ခရီးဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိကြသည်။ 

ထို့နောက် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် နေပြည်တော်သို့ ဆက်လက် ထွက်ခွာရာ ညနေ ၄ နာရီတွင် နေပြည်တော် လေဆိပ်သို့ ရောက်ရှိ ကြသည်။

အဆိုပါ ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့အား စစ်ဦးစီး အရာရှိချုပ်(ရေ ) ဗိုလ်မှူးချုပ် မိုးအောင်နှင့် တပ်မတော်(ရေ)မှ အရာရှိကြီးများ၊ မြန်မာနိုင်ငံ ဆိုင်ရာ အိန္ဒိယနိုင်ငံ ရေတပ် စစ်သံမှူးနှင့် တာဝန်ရှိသူ များက နေပြည်တော် လေဆိပ်တွင် ကြိုဆိုနှုတ်ဆက် ကြသည်။

ဆက်လက်၍ ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် ဥပ္ပါတသန္တိ စေတီတော်သို့ သွားရောက် ဖူးမြော်ကြည်ညို ခဲ့ကြကြောင်း သိရှိရသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၁၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger