www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, December 10, 2015

အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲတွင် မြန်မာပရိသတ်များ၏ စည်းကမ်းတကျ အားပေးမှု ၊ အမှိုက်ကောက်မှုများအား ပြိုင်ပွဲတရားဝင်လူမှုကွန်ရက် စာမျက်နှာနှင့် The Straits Times သတင်းစာတို့က ချီးကျူးဖော်ပြခဲ့




ရန်ကုန် ၊ ၁၀-၁၂-၂၀၁၅

၂ဝ၁၅ အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲ ဘောလုံးပြိုင်ပွဲတွင် မြန်မာပရိသတ်များ၏ စည်းကမ်းတကျ အားပေးမှု၊ ကွင်းအတွင်း အမှိုက်ကောက်ယူမှု များနှင့် ပတ်သက်၍ အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲ တရားဝင် လူမှုကွန်ရက် စာမျက်နှာနှင့် စင်ကာပူနိုင်ငံ အခြေစိုက် The Straits Times သတင်းစာတို့က အဆင့်အတန်း ရှိသည့် အမူအကျင့်တစ်ခု အဖြစ် ချီးကျူးရေးသား ဖော်ပြခဲ့ကြောင်း သိရသည်။

အာဆီယံ မသန်စွမ်း အားကစား ပြိုင်ပွဲ တရားဝင် Facebook လူမှုကွန်ရက် စာမျက်နှာ၌ အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲတွင် မြန်မာဘောလုံး အသင်းကို အားပေးသည့် ပရိသတ်များသည် ပွဲတစ်လျှောက် စည်းကမ်းတကျ အားပေး ခဲ့ကြပြီး ပြိုင်ပွဲအပြီး တွင်လည်း မိမိတို့၏ ထိုင်ခုံနေရာများရှိ အမှိုက်များကို စနစ်တကျ လိုက်လံသိမ်းဆည်း ခဲ့ကြသဖြင့် မြန်မာပရိသတ် များ၏ အပြုအမူများကို အတုယူပြီး ကောင်းမွန်သည့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းမှုကို လုပ်ဆောင်ကြရန် တိုက်တွန်းကြောင်း ရေးသား ဖော်ပြခဲ့သည်။

စင်ကာပူနိုင်ငံ ရောက် မြန်မာပရိသတ် များသည် ဒီဇင်ဘာ ၅ ရက် ညနေက စင်ကာပူ အမျိုးသား အားကစားကွင်း၌ ကျင်းပခဲ့သည့် အိမ်ရှင် စင်ကာပူအသင်းနှင့် မြန်မာအသင်း တို့၏ ခုနစ်ယောက် တစ်ဖက် ဘောလုံးပြိုင်ပွဲ အပြီးတွင် မိမိတို့၏နေရာမှ အမှိုက်များကို စည်းကမ်းရှိရှိ ပြန်လည်သိမ်းယူ လုပ်အားပေး ခဲ့ကြကြောင်း သိရသည်။

စင်ကာပူနိုင်ငံ ရောက် မြန်မာပရိသတ် များသည် ၂ဝ၁၅ ခုနှစ် (၂၈) ကြိမ်မြောက် စင်ကာပူဆီးဂိမ်း ပြိုင်ပွဲနှင့် ဆူဇူကီးဖလား ဘောလုံးပြိုင်ပွဲ တွင်လည်း စင်ကာပူ အမျိုးသား အားကစားပြိုင်ပွဲရုံ ၏ ပွဲကြည့်စင်ရှိ အမှိုက်များကို ယခုကဲ့သို့ စုဆောင်းသိမ်းယူ ခဲ့ကြသည့်အပြင် ယဉ်ကျေး သိမ်မွေ့သည့် အားပေးမှုကိုပါ ပြသနိုင်ခဲ့ သဖြင့် စင်ကာပူ ဝန်ကြီးချုပ် လီရှန်လွန်း နှင့် မီဒီယာများ၏ ချီးကျူးခြင်းကို ခံခဲ့ရကြောင်း သိရသည်။

မင်းသန့်

မြ၀တီနေ့စဉ် ၊ စာ(၃၀)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger