www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, December 10, 2015

တပ်မတော်အနေဖြင့် အရေးကြီးသည်မှာ ပြည်သူက ယုံကြည်အားကိုးပြီး တိုင်းပြည်ကို ကာကွယ်ပေးနေသည့် အဖွဲ့အစည်းဖြစ်နေရန်


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်အဖွဲ့ဝင်များ မိုင်းဖြတ်တပ်နယ်မှ အရာရှိ ၊ စစ်သည် မိသားစုများအား ရင်းရင်းနှီးနှီး နှုတ်ဆက်စဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မိုင်းဖြတ်တပ်နယ်မှ အရာရှိ ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံ အမှာစကား ပြောကြားစဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တာချီလိတ်တပ်နယ်အတွက် သုတရသစာအုပ်စာစောင် များနှင့် ရွှေဖီဦးလက်ဖက်ရည် များပေးအပ်ရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူစဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏ဇနီး ဒေါ်ကြူကြူလှ မိုင်းဖြတ်တပ်နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းအတွက် ချီးမြှင့်ငွေပေးအပ်ရာ တာဝန်ရှိသူ တစ်ဦးက လက်ခံရယူစဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်အဖွဲ့ဝင်များ မိုင်းဖြတ်တပ်နယ် တပ်မတော်ဆေးရုံ၌ ဆေးကုသမှုခံယူနေသော ဒေသခံပြည်သူများအား အားပေးစကား ပြောကြားစဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏ဇနီး ဒေါ်ကြူကြူလှ အမျိုးသမီးကုသဆောင်တွင် ဆေးကုသမှုခံယူနေသူများကို အားပေးစကား ပြောကြားစဉ်

နေပြည်တော် ၊ ၁၀-၁၂-၂၀၁၅

ကာကွယ်ရေးကို အဓိပ္ပာယ်ဖွင့်ဆိုရာတွင် နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံမတူကြောင်း၊ နိုင်ငံအလိုက် သမိုင်းကြောင်းများ ပေါ်မူတည်၍ ကွဲပြားမှုများရှိကြောင်း၊ တပ်မတော်သည် အဓိက တာဝန် ဖြစ်သည့် နိုင်ငံတော် ကာကွယ်ရေး တာဝန် ထမ်းဆောင်မှုတွင် စစ်ရေးတစ်ခုတည်း ကိုသာမဟုတ်ဘဲ ဘက်ပေါင်းစုံမှ ၀င်ရောက် လာမည့် အန္တရာယ် အားလုံးကို ကာကွယ်ရမည် ဖြစ်ကြောင်း၊ တပ်မတော် အနေဖြင့် အရေးကြီးသည်မှာ ပြည်သူက ယုံကြည် အားကိုးပြီး တိုင်းပြည်ကို ကာကွယ်ပေးနေသည့် အဖွဲ့အစည်း ဖြစ်နေရန်ပင် ဖြစ်ကြောင်းဖြင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က မိုင်းဖြတ်တပ်နယ် နှင့် တာချီလိတ် တပ်နယ်တို့မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကား ပြောကြားရာတွင် ထည့်သွင်း ပြောကြားသည်။

အဆိုပါ တွေ့ဆုံပွဲများသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ပူးတွဲတာဝန် ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်၊ ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဒုတိယဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော် အရာရှိကြီးများ၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ မိုင်းဖြတ်တပ်နယ် နှင့် တာချီလိတ်တပ်နယ် တို့မှ အရာရှိ၊ စစ်သည် မိသားစုများ တက်ရောက်ကြသည်။

ရှေးဦးစွာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် က ယမန်နေ့ နံနက်ပိုင်းတွင် မိုင်းဖြတ်တပ်နယ် ခန်းမ၌ တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံ အမှာစကား ပြောကြားသည်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က မိုင်းဖြတ်တပ်နယ် အတွက် သုတရသ စာအုပ်စာစောင် များနှင့် ရွှေဖီဦး လက်ဘက်ရည် ထုတ်များကို ပေးအပ်ရာ တပ်နယ်မှ ဗိုလ်မှူးချုပ် မျိုးတင့်အောင် က လက်ခံရယူသည်။

ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှက တပ်နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းအတွက် ချီးမြှင့်ငွေကို လည်းကောင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ပူးတွဲတာဝန် ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်က စားသောက်ဖွယ်ရာ များကို လည်းကောင်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးက အားကစား ပစ္စည်းများကို လည်းကောင်း အသီးသီး ပေးအပ်ကြရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။

တွေ့ဆုံပွဲ အပြီးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် မိုင်းဖြတ်တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် ကြသည်။

ညနေပိုင်းတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် နှင့် အဖွဲ့ဝင်များသည် တာချီလိတ်တပ်နယ် သို့ ရောက်ရှိကြပြီး တပ်နယ်ခန်းမတွင် တပ်နယ်မှအရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံ အမှာစကား ပြောကြားသည်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က တာချီလိတ်တပ်နယ် အတွက် သုတရသ စာအုပ်စာစောင် များနှင့် ရွှေဖီဦး လက်ဘက်ရည်ထုတ် များကိုပေးအပ်ရာ ဗိုလ်မှူးကြီး ဇော်မင်းထွန်း က လက်ခံရယူသည်။

ယင်းနောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ၏ ဇနီး ဒေါ်ကြူကြူလှ က တပ်နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းအတွက် ချီးမြှင့်ငွေကို လည်းကောင်း၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဒုတိယဗိုလ်ချုပ်ကြီး တင်အောင်စန်းက စားသောက်ဖွယ်ရာ များကို လည်းကောင်း၊ စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ညိုစောက အားကစားပစ္စည်း များကို လည်းကောင်း အသီးသီး ပေးအပ်ကြရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တာချီလိတ် တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြသည်။

တွေ့ဆုံပွဲများတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က သမိုင်းကြောင်း ရှိသည့် တပ်မတော်ဖြစ်သည့် အားလျော်စွာ ပြည်သူ့အကျိုးစီးပွားကို ဖော်ဆောင်ပေးရန် လိုကြောင်း၊ လက်နက်ကိုင် အဖွဲ့အစည်း များနှင့်

ဆက်စပ်နေသည့် ဒေသတွင်း မူးယစ်ဆေးဝါး စိုက်ပျိုးထုတ်လုပ် နေသူများနှင့် တရားမ၀င် သယံဇာတများ ခိုးထုတ်နေသည့် စီးပွားရေး လုပ်ငန်းများကို သက်ဆိုင်ရာ အဖွဲ့များနှင့် ပူးပေါင်း၍ တိုက်ဖျက်ရမည် ဖြစ်ကြောင်း၊ တစ်ဖက်ကလည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဆက်လက် ဆောင်ရွက် သွားရမည် ဖြစ်ကြောင်း၊ နိုင်ငံတော်အား ကာကွယ်နိုင်စွမ်း ရှိသည့် တပ်များဖြစ်စေရန် တစ်ဖက်တစ်လမ်းမှ စစ်သည်များ၏ စားရေး၊ ၀တ်ရေး၊ နေထိုင်ရေး၊ သွားလာရေး၊ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍ များကို တိုးမြှင့်ဆောင်ရွက်ပေး လျက်ရှိကြောင်း၊ ရသင့်ရထိုက်သည့် အခွင့်အရေးများ ကိုလည်း ရရှိအောင် ဆောင်ရွက်ပေး နေကြောင်း၊ ထို့အပြင် စစ်သည်များ၏ ပညာရေးမြင့်မားရုံ သာမက မိသားစုဝင်များ၏ သားသမီးများ၏ ပညာရည် မြင့်မားရေး ကိုပါ မြှင့်တင်ပေးနေကြောင်း၊ နိုင်ငံတော်နှင့် တပ်မတော်အတွက် အသက်ပေးမည်ဆိုပြီး တပ်မတော်ထဲ ၀င်လာခဲ့ကြသည့် မွန်မြတ်သည့် စိတ်ဓာတ်ကို တန်ဖိုးထားသည့် အနေဖြင့် ဆောင်ရွက်ပေးနေခြင်း ဖြစ်ကြောင်း၊ စစ်သည်မိသားစုများ အနေဖြင့်လည်း ၀င်ငွေနှင့်ထွက်ငွေ လောက်ငှမှု၊ ပိုလျှံမှုရှိရန်၊ နိုင်ငံ့ဝန်ထမ်းများနှင့် ဒေသခံ ပြည်သူလူထု၏ သက်သာ ချောင်ချိရေး၊ စားဝတ်နေရေး အထောက်အကူပြု စေရန်အတွက် စိုက်ပျိုး မွေးမြူရေး လုပ်ငန်းများကို ဖြစ်ထွန်း အောင်မြင်အောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ လုပ်ငန်းများ ဆောင်ရွက် ရာတွင် ဒီမိုကရေစီ ကျင့်စဉ်နှင့်အညီ ဥပဒေ၊ စည်းကမ်းများ အတိုင်း မှန်မှန်ကန်ကန်ဖြင့် ဆောင်ရွက်သွားရန် မှာကြား လိုကြောင်းဖြင့် တိုက်တွန်း ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၃၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger