www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, December 16, 2015

e-Cigarette များတွင် အဆုတ်ရောဂါ ဖြစ်နိုင်သည့် ဓာတုပစ္စည်းများကို တွေ့ရှိ



နယူးယောက် ၊ ၁၆-၁-၂၀၁၅

ယခုအခါ ဆေးလိပ်သောက်သူ ဆယ်ကျော်သက် များအကြား ရေပန်းစားနေသော e-စီးကရက် များတွင် အနံ့ကောင်း စေရန် ထည့်သွင်းထားသော ဓာတုပစ္စည်း များသည် အဆုတ်ရောဂါကို ဖြစ်စေနိုင်သည့် ခိုင်လုံသည့် အထောက်အထား များကို တွေ့ရှိရကြောင်း အမေရိကန် သုတေသီ များက ပြောပြသည်။

ဘော်စတွန်မြို့ရှိ ဟားဗတ် ပြည်သူ့ ကျန်းမာရေး သင်တန်းကျောင်းမှ သုတေသီ တစ်ဖွဲ့က e- စီးကရက်အမျိုး ၅ဝ ထက်မနည်း တို့၏ အနံ့ဖြည့် ဆေးရည်ကို စမ်းသပ်ကြည့်ရှု ခဲ့ရာ အနံ့ဆေးရည် ၄၇ မျိုးထက်မနည်း တို့တွင် ဒိုင်ဆီတိုင်း ဓာတုပစ္စည်း ၇၅ ရာခိုင်နှုန်း ထက်မနည်း ပါဝင်နေကြောင်း ၊  ဒိုင်ဆီတိုင်းသည် Bronchiolitis Obliterans ကို ဖြစ်စေနိုင်သည့် အာနိသင်ရှိကြောင်း ၄င်းရောဂါကို တစ်နည်းအားဖြင့် Popcorn Lung ဟု ခေါ်ဆိုကြောင်း သိရသည်။

''ဒိုင်ဆီတိုင်း အပြင် နောက်ထပ် ဓာတုပစ္စည်း နှစ်မျိုးကိုလဲ အနံ့ဖြည့် ဆေးရည် အတော်များများမှာ ထပ်တွေ့ရပါတယ်။ ဒိုင်ဆီတိုင်း ပြီးရင် အက်ဆီတွိုင်း ပါ။ အနံ့ဖြည့် ဆေးရည် ၄၆ မျိုးမှာ တွေ့ရပါတယ်။ နောက်တစ်မျိုးက ပင်တာနီဒီယွန်း ဖြစ်ပါတယ်။ ဆေးရည်ပေါင်း ၂၃ မျိုးမှာ တွေ့ ရှိရ ပါတယ်'' ဟု သုတေသီ တစ်ဦးက ပြောပြသည်။

''တကယ်တော့ ဒီ ဒိုင်ဆီတိုင်း၊ အက်ဆီတွိုင်း နဲ့ ပင်တာနီဒီယွန်း ဓာတု သုံးမျိုးလုံးကို ပေါက်ပေါက် ဖောက်စက်တွေ ကနေ ထွက်တဲ့ ထောပတ်အနံ့ အတုမှာ တွေ့ရပါတယ်။ တစ်ချိန်က ဒီပေါက်ပေါက် ဖောက်စက်နဲ့ အလုပ်လုပ် ရတဲ့ ဝန်ထမ်းတွေရဲ့အဆုတ်ဟာ ဆိုးရွားစွာ ပျက်စီးခဲ့ပြီး အဲဒီ ရောဂါကို ပေါက်ပေါက် ဖောက်သူတွေမှာ အရင်ဆုံး တွေ့ရှိခဲ့တာ ဖြစ်လို့ Popcorn Lung လို့လဲ ခေါ်ဆိုတာ ဖြစ်ပါတယ်''ဟု ၄င်းက ဆက်လက် ပြောပြ၍ သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger