www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, December 16, 2015

မဟာဗန္ဓုလပန်းခြံ ၌ ဒီဇင်ဘာ ၁၈ ရက်တွင် အပြာရောင်ကမ္ပည်းပြား တပ်ဆင်မည်



ရန်ကုန် ၊ ၁၆-၁၂-၂၀၁၅

နှစ်ပေါင်း ၁၅ဝ နီးပါးရှိသော မဟာဗန္ဓုလ ပန်းခြံ၌ အပြာရောင် ကမ္ပည်းပြား တပ်ဆင်မှုကို ဒီဇင်ဘာ ၁၈ ရက် နံနက် ၉ နာရီတွင် ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့နှင့် Royal Philips Corporation တို့ ပူးပေါင်းကျင်းပ သွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့(YHT) မှ သိရသည်။

ထိုကဲ့သို့ အပြာရောင် ကမ္ပည်းပြား တပ်ဆင်ခြင်းကို ပထမဆုံး အနေဖြင့် ၂ဝ၁၄ ခုနှစ် သြဂုတ် ၉ ရက်တွင် သမိုင်းဝင် အဆောက်အအုံများ ဖြစ်သည့် မြို့တော်ခန်းမ၊ ဧရာဝတီဘဏ် ရုံးချုပ်၊ အာမေနီယန် ဘုရားကျောင်း၊ ဗဟိုမီးသတ်ကြီး၊ ဗဟို စာတိုက်ကြီး၊ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်၊ အစိုးရ ပုံနှိပ်စက်၊ လောကနတ် ပန်းချီပြခန်း အဆောက်အအုံ နှင့် အင်းစိန်အစိုးရ စက်မှုလက်မှု သိပ္ပံ(GTI) ပင်မကျောင်းဆောင် တို့၌ တပ်ဆင်ခဲ့ပြီး ဖြစ်၍ ယခု တပ်ဆင်မှုသည် ၁ဝ ခုမြောက် အပြာရောင် ကမ္ပည်းပြား တပ်ဆင်မှု ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကမ္ပည်းပြား များတွင် တပ်ဆင်ထားသော အဆောက်အအုံ၏ ယခင် အသုံးပြု ခဲ့သောနာမည်၊ အဆောက်အအုံ ၏ ထူးခြားဖြစ်စဉ် တို့ကို မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် ဖော်ပြထားပြီး အပြာရောင် ကမ္ပည်းပြား တပ်ဆင်ခြင်း အစီအစဉ်ကို အကောင် အထည်ဖော် နိုင်ရန် ရန်ကုန်မြို့အနှံ့ရှိ သမိုင်းဝင် နေရာများအား လေ့လာခြင်း၊ ကမ္ပည်းပြားများ ထုတ်လုပ်နိုင်ရေး Royal Philips Corporation မှ အမေရိကန် ဒေါ်လာ ၇၅ဝဝဝ ကို ပံ့ပိုး ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့၏ သမိုင်းကြောင်း တစ်လျှောက်တွင် အရေးပါခဲ့သော အဆောက်အအုံ များနှင့် လူပုဂ္ဂိုလ်များအား အထိမ်းအမှတ် တစ်ခုအနေဖြင့် ကျန်ရှိနေစေရန် ရည်ရွယ်ချက်ဖြင့် စီမံချက်ချကာ လုပ်ဆောင်နေခြင်းဖြစ်သည့်အပြင် ရန်ကုန်မြို့ရှိ သမိုင်းကြောင်း များကို ပြည်သူများ အားလုံး လာရောက် လေ့လာနိုင်စေရန် ထိုကဲ့သို့ အပြာရောင် ကမ္ပည်းပြား တပ်ဆင်ရခြင်း ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၃)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger