www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, December 14, 2015

ကိုလံဘီယာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ၊ Disarmament, Demobilization and Reintegration- DDR နှင့် Security Sector Reform- SSR လုပ်ငန်းစဉ်များကို လေ့လာဆွေးနွေး ခဲ့ကြသော မြန်မာ့ တပ်မတော်နှင့် ကရင်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ပြန်လည်ရောက်ရှိ



နေပြည်တော် ၊ ၁၄-၁၂-၂၀၁၅

မြန်မာနိုင်ငံ၏ ထာဝရငြိမ်းချမ်းရေး တည်ဆောက်ရာတွင် အထောက်အကူ ဖြစ်စေရန်အတွက် ကိုလံဘီယာ နိုင်ငံ၏ ငြိမ်းချမ်းရေး တည်ဆောက်မှု လုပ်ငန်းစဉ်များအား သွားရောက် လေ့လာခဲ့သော ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင် နှင့် အဖွဲ့ဝင်များ၊ ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (ငြိမ်း)၊ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုး(ငြိမ်း)၊ NCA တွင် ပါဝင်လက်မှတ် ရေးထိုးပြီးဖြစ်သည့် ကရင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ဖြစ်ကြသော KNU, KNLA(PC), DKBA တို့မှ ဦးစောထူးထူးလေး၊ ဦးစောအိုင်းဇက်ဖိုး၊ ဦးစောမိုရှေး၊ ဒေါ်နော်ကပေါ်ထူး နှင့်အဖွဲ့ဝင်များ၊ မြန်မာ ငြိမ်းချမ်းရေး စင်တာ(MPC) မှ တာဝန်ရှိသူများ ပါဝင်သည့် ကိုယ်စားလှယ် အဖွဲ့သည် ယမန်နေ့ ညပိုင်းက လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိရာ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးဇော်သိန်း နှင့် တပ်မတော် အရာရှိကြီးများက ရန်ကုန် အပြည်ပြည် ဆိုင်ရာလေဆိပ် တွင် ကြိုဆိုခဲ့ကြသည်။

အဆိုပါ လေ့လာရေး ကိုယ်စားလှယ် အဖွဲ့သည် ကိုလံဘီယာ နိုင်ငံ၌ ဒီဇင်ဘာ ၃ ရက်မှ ၁ဝ ရက်အထိ ကိုလံဘီယာ သမ္မတ သမ္မတ Juan Manuel Santos Calderon ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ကိုလံဘီယာ တပ်မတော် ဒုတိယစစ်ဦးစီးချုပ် General Florez Aristizabal ၊ ငြိမ်းချမ်းရေး အကြံပေးပုဂ္ဂိုလ်များ၊ ကုလသမဂ္ဂဌာနေ ကိုယ်စားလှယ် Fabrizio Hochschild ၊ ကိုလံဘီယာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းစဉ် များတွင် ပါဝင်ဆောင်ရွက်လျက် ရှိကြသည့် အစိုးရမဟုတ်သော အဖွဲ့အစည်း အသီးသီးတို့မှ တာဝန်ရှိ သူများအား တွေ့ဆုံပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အကောင်အထည် ဖော်ဆောင်မှု အတွေ့အကြုံများ၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲပြီးနောက် DDR - SSR ကို ရက်ပေါင်း ၆ဝ အတွင်း ပြီးမြောက်အောင် ဆောင်ရွက်သွားရန် အစိုးရနှင့် လက်နက်ကိုင် အဖွဲ့အစည်းများ အကြား ကြိုတင် သဘောတူညီချက် ရရှိထားမှု ခြေအနေများအား အသေးစိတ် လေ့လာဆွေးနွေး ခဲ့ကြပြီး Demobilization  အစီအစဉ်များ လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်နေမှု များကိုလည်း လေ့လာကြည့်ရှု ခဲ့ကြသည်။

ကိုလံဘီယာ အစိုးရအနေဖြင့် ၂ဝ၁၆ ခုနှစ် မတ်လအတွင်း ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘော တူညီချက်အား အပြီးသတ် ဆောင်ရွက်သွားရန် ကြိုးစား ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger