www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, December 16, 2015

ကမ္ဘာ့အမြင့်ဆုံး သစ်သားအဆောက်အအုံကို စတင်တည်ဆောက်



အော့တ၀ါ ၊ ၁၆-၁၂-၂၀၁၅

ကနေဒါနိုင်ငံ၊ British Columbia တက္ကသိုလ်မှ ပညာရှင်များသည် ကျောင်းသား ၄ဝ၄ ဦး နေထိုင်နိုင်မည့် ၁၈ ထပ်မြင့် အဆောက်အအုံကို တည်ဆောက်လျက် ရှိရာ ထူးခြားချက်မှာ ထို အဆောက်အအုံ ကို သစ်သားဖြင့်သာ တည်ဆောက် သွားမည်ဖြစ်သည့် အတွက် ကမ္ဘာပေါ်တွင် အမြင့်ဆုံး သစ်သား အဆောက်အအုံကြီး ဖြစ်လာမည်ဟု သိရသည်။

အဆိုပါ အဆောက်အုံကို Tall Wood Building ဟု အမည်ပေး ထားပြီး ၂ဝ၁၇ ခုနှစ်တွင်အပြီး တည်ဆောက် သွားမည်ဖြစ်ကြောင်း၊ အမြင့် ၁၇၄ ပေရှိမည်ဖြစ်ပြီး ကြမ်းပြင် ဧရိယာ စတုရန်းပေ ၁၆၂၇ဝဝ ရှိမည် ဖြစ်ကြောင်း၊ မိုးမျှော်တိုက်များ အလျှိုလျှို ထွက်ပေါ်လာ နေသော ခေတ်ကြီးတွင် အမြင့် ၁၇၄ ပေ၊ အထပ် ၁၈ ထပ်ဟူသည် မပြောပလောက် သော်လည်း သစ်သား အဆောက်အအုံ အနေဖြင့် ကမ္ဘာ့ အမြင့်ဆုံး အဆောက်အအုံ ဖြစ်လာမည်ဟု သိရသည်။

Tall Wood Building ကို တက္ကသိုလ် အတန်းကြီး ကျောင်းသားများကို ထားရှိရန် အဆောင်အဖြစ် တည်ဆောက်ခြင်း ဖြစ်ပြီး ခုတင်လေးလုံးဆံ့ အခန်းပေါင်း ၃၃ ခန်း၊ ခုတင် နှစ်လုံးဆံ့ အခန်းပေါင်း ၂၇၂ ခန်းပါရှိမည် ဖြစ်ကြောင်း၊ မြေညီထပ်တွင် စာကြည့်ခန်းနှင့် အများသုံးခန်းများ ထားရှိမည် ဖြစ်ကြောင်း ၊ အပေါ်ဆုံးထပ်ကို ကျောင်းသားများ သီးသန့် နားနေခန်းအဖြစ် သတ်မှတ် ထားရှိမည် ဖြစ်သည်။

''မိုးမျှော်တိုက်ကြီးတွေ တည်ဆောက် နေကြတဲ့အချိန်မှာ အခုလို သစ်သားတိုက်ကြီးကို တည်ဆောက်ပြီး ဗိသုကာလက်ရာ ကို ထိန်းသိမ်း စောင့်ရှောက်တာဟာ ကနေဒါနိုင်ငံ တာဝန်ရှိသူတွေရဲ့ မှန်ကန်သော ဆုံးဖြတ်ချက်လို့ မြင်ပါတယ်။ ကမ္ဘာပေါ်မှာ အဆောက်အအုံ တွေကို တည်ဆောက်တဲ့ အခါ ဗိသုကာ လက်ရာကို ဦးစားပေးတာမျိုး နည်းသည်ထက် နည်းလာတဲ့ အတွက် ဒီ Tall Wood အဆောက်အအုံကြီး ဟာ အိပ်မက်ကနေ နိုးထစေတဲ့ နှိုးစက်သံလေးလဲ ဖြစ်သွားနိုင် ပါတယ်'' ဟု စောင့်ကြည့် လေ့လာသူ တစ်ဦးက ပြောပြ၍ သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger