www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, December 16, 2015

ရန်ကုန်ပြည်သူ့ဆေးရုံကြီး ပင်မဆောင်ကို ကုသရေးဦးစီးဌာန နှင့် ပြတိုက်အဖြစ် ထားရှိမည်



ရန်ကုန် ၊ ၁၆-၁၂-၂၀၁၅

ရန်ကုန်ပြည်သူ့ ဆေးရုံကြီး အတွင်းရှိ ပင်မဆောင်အား ၂ဝ၁၇ ခုနှစ် နောက်ပိုင်းတွင် ကုသဆောင် အဖြစ် ထားရှိတော့မည် မဟုတ်ဘဲ ကုသရေး ဦးစီးဌာနနှင့် ပြတိုက်အဖြစ် ထားရှိသွားမည် ဖြစ်ကြောင်း ရန်ကုန် ပြည်သူ့ဆေးရုံကြီး မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

အဆိုပါ နှစ်ပေါင်း ၁ဝဝ ကျော် သက်တမ်းရှိ ရန်ကုန်ပြည်သူ့ ဆေးရုံကြီး ပင်မဆောင်သည် အထက်ပါအတိုင်း ထားရှိနိုင်ရန် လက်ရှိတွင် တိုးချဲ့ထားသည့် ကုသဆောင်များ နှင့် ဆေးကုသမှု အပိုင်းများကို အဆင့်မြှင့်တင် ထားရှိကြောင်း၊ ယင်းကဲ့သို့ ထားရှိရာတွင် ရန်ကုန် ပြည်သူ့ဆေးရုံကြီး အား ခုတင်-၁၅ဝဝ ဆံ့မှ ခုတင်- ၂ဝဝဝ အထိ တိုးမြှင့် သတ်မှတ်ထားပြီး ကင်ဆာလူနာများ အတွက် ရည်ရွယ်ကာ ပေ ၃၈ဝx ပေ ၈ဝ ရှိသည့် ၁၂ ထပ် အဆောက်အအုံ တစ်လုံးကိုလည်း ဆောက်လုပ်လျက် ရှိကြောင်း၊ လာမည့် ဘဏ္ဍာနှစ်များ အတွင်း လူနာဆောင် ၁၅ ထပ် အဆောက်အအုံ တစ်လုံး၊ လေးထပ်ကား ပါကင်နှင့် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် အတွင်း ရင်ခွဲရုံတို့ကို တည်ဆောက်ရန် လျာထားကြောင်း သိရသည်။

ထို့ပြင် ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုများ ပေးရာတွင် ပြည်သူများ စိုက်ထုတ် ကုန်ကျငွေ ၈ဝ ရာခိုင်နှုန်းမှ ၆ဝ ရာခိုင်နှုန်း အထိ လျှော့ချပေး နိုင်ခဲ့ကြောင်း၊ ယင်း ကဲ့သို့ လျှော့ ချပေး ခြင်းကြောင့် ပြည်သူ့ဆေးရုံ များ၌ ဆေးကုသသည့် လူနာဦးရေသည် ယခင် ထက် နှစ်ဆကျော် မြင့်တက်ခဲ့ကြောင်း၊ ရန်ကုန် ပြည်သူ့ဆေးရုံကြီး အတွင်း လူနာလက်ခံ ကုသမှုနှုန်းသည် ၂ဝ၁ဝ ပြည့်နှစ်တွင် ၄၃၃၂ဝ ဦး၊ ၂ဝ၁၁ ခုနှစ်တွင် ၄၆၇၁၃ ဦး၊ ၂ဝ၁၂ ခုနှစ် တွင် ၅ဝ၇၆၇ ဦး၊ ၂ဝ၁၃ ခုနှစ်တွင် ၅၈ဝ၃၁ ဦး၊ ၂ဝ၁၄ ခုနှစ်တွင် ၆၂၄၆၈ ဦးနှင့် ၂ဝ၁၅ ခုနှစ် သြဂုတ်လအထိ ၄၉၈၉၆ ဦး တက်ရောက် ကုသမှုခံယူ ခဲ့ကြောင်း သိရသည်။

ရန်ကုန် ပြည်သူ့ဆေးရုံကြီး အတွက် ထပ်မံ တည်ဆောက်မည့် အဆောက်အအုံများ အားလုံးပြီးစီးပါက ပင်မဆောင်အား ကုသရေး ဦးစီးဌာနနှင့် ဆိုင်သည့် ရုံးနှင့်ပြတိုက် အဖြစ်ထားရှိရန် စီစဉ်ထားကြောင်း၊ လက်ရှိတွင် ဆေးရုံကြီး တိုးချဲ့ဆောင် အဖြစ် ပြည်လမ်းရှိ ယခင် စွမ်းအင်ဝန်ကြီး ဌာနရုံး အဟောင်းကို အဆင့်မြှင့်တင်ကာ ဆေးကုသဆောင် အဖြစ် တိုးချဲ့ဖွင့်လှစ် ထားပြီ ဖြစ်ကြောင်း၊ ထို့ပြင် ဦးနှောက်နှင့် အာရုံကြော၊ နှလုံးအထူးကု ဆေးရုံကို ဂျပန်နိုင်ငံ အကူအညီဖြင့် ဆောက်လုပ်ရန်လည်း လေ့လာလျက် ရှိကြောင်း၊ နိုင်ငံတော်အစိုးရသစ် လက်ထက်အတွင်း ရန်ကုန် ပြည်သူ့ဆေးရုံကြီး အပါအဝင် တိုက်နယ်ဆေးရုံ များကိုပါ အဆင့်မြှင့်တင် ခြင်းများ ဆောင်ရွက်ရန် လိုအပ်သော ဘတ်ဂျက်ငွေ ပမာဏကိုလည်း တိုးမြှင့်ချထား ပေးခဲ့ကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger