www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, December 31, 2015

မျက်လုံးနှင့် ကျန်းမာရေး


မျက်လုံးနှင့် ကျန်းမာရေး

( အန်တီစိမ့် )

လူ့ခန္ဓာကိုယ် တစ်ခုလုံးမှာ အသုံးအ၀င်ဆုံး နဲ့ မရှိမဖြစ် အရာတွေထဲမှာတော့ မျက်လုံးက အရေးကြီးလှ ပါတယ်။ နံနက် အိပ်ယာနိုးသည်မှ ညအိပ်ယာဝင် သည်အထိ ပင်ပန်းစွာ အလုပ်လုပ်ရသူ ကလည်း မျက်လုံးပင် ဖြစ်သည်။ ဒါကြောင့် ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်လှတဲ့ မျက်လုံးတွေကို ဘယ်လိုမျိုး ကာကွယ် စောင့်ရှောက်နိုင် သလဲဆိုတာကို လက်လှမ်းမီသလောက် စုစည်း တင်ပြလိုက်ရ ပါတယ်။




အစားအစာ

မျက်စိ အားကောင်းမယ့် ဆေးတွေ သောက်တာထက် သဘာဝ အစားအစာတွေကို စားသုံးပေးခြင်း က မျက်စိအား ပိုမိုကောင်းမွန် ဖို့နဲ့ အမြင်အာရုံ ကြည်လင်စေဖို့ အတွက် အကောင်းဆုံး နဲ့ အသင့်တော်ဆုံး ဆေးဝါးတွေပဲ ဖြစ်ပါတယ်။ အစိမ်းရောင် အရွက်တွေထဲမှာတော့ မျက်စိအတွက် အလွန်အကျိုး ဖြစ်စေမယ့် Lutein ဓာတ်ပမာဏတွေ အများကြီး ပါဝင်ပါတယ်။ အဲဒီဓာတ်ဟာ မျက်စိထဲက Cell တွေရဲ့ ပျက်စီးခြင်းကို ကာကွယ်ပေးနိုင် ပါတယ်။

ငါးစားခြင်း ဟာလည်း မျက်စိကို အားကောင်းစေ ပါတယ်။ DHA လို့ခေါ်တဲ့ ( Docosahexaenoic Acid ) ပါဝင်ပြီး ၄င်းတို့က မျက်စိအားကို ပိုမိုကောင်းမွန် စေပါတယ်။ အဆီဓာတ်တွေ ပြည့်ဝနေတဲ့ သစ်ကြားသီး ဟာ အရသာ ဆိမ့်ဆိမ့်လေး ဖြစ်ပေမယ့် မျက်စိအတွက် ကောင်းကျိုးတွေ အများကြီး ပေးစွမ်းတာမို့ စားပေးသင့် ပါတယ်။ ကျန်းမာရေး အတွက် အံ့သြစရာ ကောင်းလောက်အောင် အကျိုးပြုတဲ့ အသီးတစ်မျိုး ဖြစ်ပါတယ်။ အလွန် မြင့်မားနေတဲ့ သွေးဖိအားတွေကို လျော့ကျသွားအောင် ပြုလုပ်ပေးနိုင်ပြီး ခန္ဓာကိုယ်ထဲက သွေးစီးဆင်းမှု တွေကို ပိုမိုကောင်းမွန်စေ ပါတယ်။ အဲဒါကြောင့် စပျစ်သီး စားသုံးခြင်းဟာ မျက်လုံးရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်တဲ့ Retina ဆီသို့ လိုအပ်တဲ့ အောက်ဆီဂျင် ပမာဏကို နှောင့်နှေး ကြန့်ကြာခြင်း မရှိဘဲ ရောက်ရှိစေမှာ ဖြစ်ပါတယ်။

မျက်လုံးကို ကာကွယ်မှုတွေ ပေးနိုင်တဲ့ Lutein နဲ့ Zeaxanthin ဆိုတဲ့ ဓာတ်နှစ်မျိုးဟာ လိမ္မော်ရောင် ပန်းငရုပ်ပွ မှာပေါများစွာ ပါဝင်ပါတယ်။ ဒါ့အပြင် သူ့မှာ ပါဝင်တဲ့ ဗီတာမင် A ဟာ ကြက်မျက်သင့်ခြင်း (ညဘက် မျက်စိ မမြင်ဖြစ်ခြင်း ) ကာကွယ်ပေး နိုင်ပါတယ်။ မျက်လုံးတိမ်စွဲခြင်း တွေ မဖြစ်စေဖို့ ၊ မျက်လုံးထဲမှာ လည်ပတ်နေတဲ့ သွေးကြောလေးတွေ အစဉ် ဖွံ့ဖြိုး နေစေဖို့ စတာတွေကို ကူပေးဖို့အတွက် လက်ဖက်ရည် မှာ အားဖြစ်စေမယ့် ဓာတ်တွေ အများကြီး ပါဝင်ပါတယ်။

ပဲပိစပ်မှာ ပါဝင်တဲ့ ဓာတ်တစ်မျိုးဟာ မျက်ရည်အိတ် တွေကို သိမ်းဆည်း ထားနိုင်ပြီးတော့ မျက်လုံးကို ခြောက်သွေ့ မနေအောင် ကူညီပေးနိုင် ပါတယ်။ ဥ အမျိုးမျိုးဟာ အိုမီဂါ -၃ လို့ခေါ်တဲ့ အဆီဓာတ်တွေ အများကြီး ပါဝင်တဲ့ အစားအစာ ဖြစ်ပါတယ်။ ကြက်ဥ ၊ ဘဲဥ ၊ ငုံးဥ စသည်တို့ကို စားသုံးခြင်းဖြင့် မျက်လုံးအတွက် နာကျင်စရာ ဒဏ်ရာတွေကိုလည်း တွန်းလှန်နိုင် စေပါတယ်။

သဘာဝ အားဖြည့် အစားအစာထဲ မှာတော့ မျက်လုံးအတွက် အကောင်းဆုံး အစားအစာတွေ ဖြစ်ပါတယ်။ တစ်ခုချင်းစီ အလိုက် ပါဝင်တဲ့ အားဖြည့်စာတွေ မတူညီတာမို့ အထက်ပါ အစားအစာတွေ ကလည်း မျက်လုံး ကျန်းမာရေး အတွက် များစွာ အထောက်အကူ ဖြစ်စေပါတယ်။

အနေအထိုင်

နေပူထဲ သွားတဲ့အခါ နေကာမျက်မှန် တပ်ပါ။ အလွန်အကျွံ ဂိမ်းကစားခြင်း ၊ တီဗွီကြည့်ခြင်း နဲ့ ကွန်ပျူတာ အသုံးများခြင်း တို့ကလည်း မျက်စိကို အနည်းနဲ့ အများ ထိခိုက်စေနိုင် ပါတယ်။

စောင့်ရှောက်မှု

မနက်အိပ်ယာနိုး တာနဲပ မျက်နှာမသစ်ခင် ဒူးခေါင်း အထက်ကနေ ရေလောင်းချ တာမျိုး ၊ သွားမတိုက်ခင် မျက်နှာ အရင်သစ်တာမျိုး တွေ လုပ်ပေးပါ။ မျက်စိနဲ့ လုပ်ဆောင်ရတဲ့ အလုပ်တွေ ( ဥပမာ- ကွန်ပျူတာ ကို အသုံးပြုခြင်း ) ပြီးတိုင်းမှာ အစိမ်းရောင် လိုမျိုး အရာမျိုးကို ၅ မိနစ် ၊ ၁၀ မိနစ် ခန့် ကြည့်ပေးတာမျိုး တွေ လုပ်ပေးသင့် ပါတယ်။ ရှေးလူကြီးတွေ အယူအဆ အရ ဆိုရင်တော့ ဆားပေါ့ရည် လေးတွေ ၊ စံပါယ်ပန်းပွင့် လေးတွေ စိမ်ထားတဲ့ ရေကိုလည်း ညအိပ်ယာ မ၀င်ခင် မျက်စဉ်းခပ် ပေးနိုင်ပါတယ်။ မျက်လုံး နှစ်ဖက်စလုံးကို ကွမ်းရွက် ကပ်ပေးခြင်း ဟာလည်း မျက်လုံးထဲက အပူတွေကို စုပ်ပေး၊နိုင်တယ် လို့ ဆိုကြပါတယ်။

ဒီလို အပြုအမူမျိုး တွေကို စနစ်တကျ ပြုလုပ်မယ် ၊ နေထိုင် စားသောက်မှု တွေကိုလည်း ပြောင်းလဲမယ် ဆိုရင်တော့ တောက်ပပြီး ရွှန်းစိုနေတဲ့ မျက်လုံးလေး တွေဟာ ကျန်းကျန်းမာမာ နဲ့ အချိန်ကြာမြင့်စွာ အလုပ်လုပ်ေ ဆာင်နိုင်မှာ ဖြစ်ပါတယ်။

Health Guide (Dec-2015)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger