www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, December 17, 2015

ဘွဲ့ကြိုဘွဲ့လွန် ဘာသာစကား သင်တန်းများ တိုးချဲ့ဖွင့်လှစ်ပေးလျက်ရှိ



ရန်ကုန် ၊ ၁၇-၁၂-၂၀၁၅

နိုင်ငံခြား ဘာသာစကားကို လေ့လာသင်ယူ လိုသူများအတွက် ရန်ကုန် နိုင်ငံခြားဘာသာ တက္ကသိုလ်မှ ဘွဲ့ကြို ဘွဲ့လွန် ဘာသာစကား သင်တန်းများကို တိုးချဲ့ဖွင့်လှစ် သင်ကြားပေးလျက် ရှိကြောင်း ရန်ကုန် နိုင်ငံခြားဘာသာ တက္ကသိုလ်မှ သိရသည်။

မြန်မာလူငယ်များ အနေဖြင့် ပြည်ပနိုင်ငံ များသို့ သွားရောက် ပညာသင်ကြား နိုင်ရန်နှင့် အလုပ်အကိုင် ရရှိရန် ဘာသာစကား တတ်မြောက်ခြင်း သည် အရေးကြီးဆုံး ဖြစ်သဖြင့် ရန်ကုန် နိုင်ငံခြားဘာသာ တက္ကသိုလ်မှ ဘွဲ့ကြို ဘွဲ့လွန် ဘာသာစကား သင်တန်းများကို တိုးချဲ့ဖွင့်လှစ် သင်ကြားပေးလျက် ရှိသည်။

ထိုသို့ သင်ကြားရာတွင် ထိရောက်သည့် သင်ကြားမှု ပုံစံဖြစ်စေရန် ဘာသာအလိုက် စကားရည်လု ပြောဆိုမှုများနှင့် ကျပန်းစကား ပြောဆိုမှု များကို အဖွဲ့လိုက် ဆွေးနွေးမှု ပုံစံများဖြင့် သင်ကြားပေးလျက် ရှိသည်။

ရန်ကုန်  နိုင်ငံခြားဘာသာ တက္ကသိုလ်တွင် ဘာသာစကား များကို အဆင့်သုံးဆင့် ခွဲ၍ သင်ကြားပေးလျက် ရှိရာ အခြေခံ အဆင့်၊ ကြားအဆင့် နှင့် အဆင့်မြင့် အဆင့်ဟူ၍ ခွဲထားပြီး Level တစ်ခုလျှင် ကိုးလဖြင့် ခြောက်လတစ်ခါ၊ သုံးလတစ်ခါ သင်ကြား ပေးကြောင်း၊ ထို့ပြင် သင်တန်း အမျိုးအစားပေါင်း ၂၉ မျိုးရှိပြီး သင်တန်းချိန်မှာ ညနေ ၅ နာရီ မိနစ် ၂ဝ မှ ည ၇ နာရီအထိ ဖွင့်လှစ် ပေးထားကြောင်း ရန်ကုန် နိုင်ငံခြားဘာသာ တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ လွင်လွင်စိုး က ပြောသည်။

ရန်ကုန် နိုင်ငံခြားဘာသာ တက္ကသိုလ်၌ ဘွဲ့ကြိုဘွဲ့လွန် သင်တန်းများကို လိုအပ်ချက် အပေါ် မူတည်၍ ပို့ချပေးလျက် ရှိပြီး သင်တန်း အမှတ်စဉ် တစ်ခုလျှင် လူဦးရေ ၆ဝဝ လက်ခံ သင်ကြားပေးလျက် ရှိသော်လည်း ယခုနှစ် တွင် တက္ကသိုလ်ဝင်တန်း အောင်သည့် ကျောင်းသားများက လာရောက် လျှောက်ထားသဖြင့် လူဦးရေ ၁၆ဝဝ အထိ လက်ခံကြောင်း သိရသည်။

ဆုလာဘ်

မြ၀တီနေ့စဉ် ၊ စာ(၃)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger