www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, December 24, 2015

မန္တလေးမြို့ရှိ ဖောင်တော်ဦးပရဟိတ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းကို ၂ဝ၁၆ ခုနှစ်မှစတင်၍ တက္ကသိုလ်အဖြစ် အဆင့်မြှင့်တင်သွားမည်


မန္တလေး ၊ ၂၄-၁၂-၂ဝ၁၅

မူလတန်းမှ တက္ကသိုလ်ဝင်တန်း အထိ ကျောင်းသား၊ ကျောင်းသူ ဦးရေ ၇ဝဝဝ ကျော်ကို အခမဲ့ပညာ သင်ကြားပေးနေသော မန္တလေးမြို့ရှိ ဖောင်တော်ဦး ပရဟိတ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းကို ၂ဝ၁၆ ခုနှစ်မှ စတင်၍ သြစတြေးလျနိုင်ငံမှ ပညာရှင်များ၏ အကူအညီဖြင့် ဖောင်တော်ဦး တက္ကသိုလ် အဖြစ် အဆင့်မြှင့်တင် သွားမည် ဖြစ်ကြောင်း အဆိုပါကျောင်းမှ ဆရာတော် အရှင်နာယက ၏ ပြောကြားချက် အရ သိရသည်။

အဆိုပါ ဖောင်တော်ဦး ပရဟိတကျောင်းမှ နှစ်စဉ် တက္ကသိုလ်ဝင်တန်း ကျောင်းသား၊ ကျောင်းသူဦးရေ ၄ဝဝ ကျော်ခန့် မွေးထုတ် ပေးလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ အတွက် ပညာရေးစနစ် တစ်ခုကို ကိုယ်ပိုင်ဟန် တစ်ခုဖြင့် တီထွင်ပေးလို၍ သြစတြေးလျ နိုင်ငံရှိ ပညာရေးတက္ကသိုလ်တစ်ခုမှ ပညာရှင်များ၏ အကူအညီကိုရယူကာ တက္ကသိုလ် အဖြစ် အဆင့်မြှင့်တင် ရခြင်းဖြစ်ကြောင်း သိရသည်။

မန္တလေး ဖောင်တော်ဦး ပရဟိတ ဘုန်းတော် ကြီးသင် ပညာရေးကျောင်းကို ၁၉၈၂ ခုနှစ်မှ စတင်၍ ကျောင်းသား၊ ကျောင်းသူဦးရေ ၄ဝဝ ဝန်းကျင်ဖြင့် စတင်ခဲ့ပြီး ၁၉၉၃ ခုနှစ်တွင် မူလတန်းအဆင့် အဖြစ် ပြန်လည်ဖွင့်လှစ် ခဲ့ကာ ၁၉၉၄ ခုနှစ်တွင် အလယ်တန်း အဆင့်နှင့် ၂ဝဝဝ ပြည့်နှစ်တွင် တွဲဖက် အထက်တန်းကျောင်း အဆင့်အဖြစ် ယနေ့အထိ ရပ်တည်လျက် ရှိကြောင်း အဆိုပါ ကျောင်းသမိုင်း မှတ်တမ်းများ အရ သိရသည်။

ထို့ပြင် ဖောင်တော်ဦး ဆရာတော် အရှင် နာယက သည် ကမ္ဘာလုံးဆိုင်ရာ The Global Teacher Prize (2015) ဆု ရွေးချယ်ရေး ဆန်ခါတင်စာရင်း ၅ဝ ဦးတွင် ထည့်သွင်း ရွေးချယ်ခံထား ရကြောင်း အဆိုပါဆု ရွေးချယ်ရေး အဖွဲ့၏ ထုတ်ပြန်ချက် အရ သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger