www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, December 24, 2015

ခိုးရာပါ ဒိုင်နိုဆောကျောက်ဖြစ်ရုပ်ကြွင်း ဦးခေါင်းခွံအား မူရင်းနိုင်ငံသို့ ပြန်ပေးရန် နီကိုလပ်ကေ့ခ်ျ သဘောတူ


This Tyrannosaurus bataar skeleton went on display in the Mongolian capital Ulan Bator in 2013 after being returned from the US

နယူးယောက် ၊ ၂၄-၁၂-၂၀၁၅

ခိုးရာပါ ပစ္စည်းမှန်း မသိဘဲ ပြီးခဲ့သည့် ခြောက်နှစ်ခန့်က ဝယ်ယူမိ ခဲ့သည့် ရှားပါး ဒိုင်နိုဆော ကျောက်ဖြစ်ရုပ်ကြွင်း ဦးခေါင်းခွံကို အမေရိကန် ပြည်ထောင်စု မန်ဟက်တန် တရားရုံး၏ ဆုံးဖြတ်ချက် အရ မွန်ဂိုလီးယား နိုင်ငံသို့ ပြန်လည် ပေးအပ်ရန် ကမ္ဘာကျော် ရုပ်ရှင်မင်းသား နီကိုလပ်ကေ့ခ်ျ က သဘော တူခဲ့ကြောင်း ဒေးလီးတယ်လီဂရပ် သတင်းစာ ၏ ဖော်ပြချက် အရ သိရသည်။

တိုင်နိုဆောရပ်ဘာတား အမည်ရှိ ဒိုင်နိုဆော ရှားပါးမျိုးစိတ် တစ်ခု၏ ကျောက်ဖြစ်ရုပ်ကြွင်း ဦးခေါင်းခွံကို အော်စကာဆုရ ရုပ်ရှင် သရုပ်ဆောင် နီကိုလပ်ကေ့ခ်ျက မင်းသား လီယိုနာစ် နီဒီကာပရီယို နှင့် အပြိုင် လေလံဆွဲ၍ အမေရိကန် ဒေါ်လာ ၂၇၆ဝဝဝ ဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

သို့သော် မန်ဟက်တန် တရားရုံး၏ ဆုံးဖြတ်ချက် အရ အဆိုပါ ဒိုင်နိုဆော ကျောက်ဖြစ်ရုပ်ကြွင်း ဦးခေါင်းခွံကို မူလပိုင်ရှင် မွန်ဂိုလီးယား နိုင်ငံထံ ပြန်လည် ပေးအပ်ရန် မင်းသားကြီး နီကိုလပ်ကေ့ခ်ျ က သဘောတူ ခဲ့သည်။

လေလံပွဲတွင် ဝယ်ယူခဲ့သည့် အဆိုပါ ဒိုင်နိုဆော ဦးခေါင်းခွံသည် မွန်ဂိုလီးယား နိုင်ငံမှ ခိုးယူခံခဲ့ရသည့် ဒိုင်နိုဆော ဦးခေါင်းခွံ ဖြစ်ကြောင်း အမေရိကန် အစိုးရ လုံခြုံရေး ဝန်ကြီးဌာနက မင်းသား နီကိုလပ်ကေ့ခ်ျ ကို ၂ဝ၁၄ ခုနှစ်တွင် အသိပေးထားပြီး ဖြစ်သည်။

မွန်ဂိုလီးယားနိုင်ငံ ဂိုဘီသဲကန္တာရ ဒေသမှ တိုင်ရန်နိုဆောရပ်စ် ဒိုင်နိုဆော ကျောက်ဖြစ် ရုပ်ကြွင်း ကောင်လုံးပြည့် နီးပါးကို အားရစ်ပရိုကိုပီ အမည်ရှိ ကျောက်ဖြစ် ရုပ်ကြွင်း ပညာရှင် တစ်ဦးက ခိုးထုတ်ခဲ့ပြီး ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလ တွင် ယင်းသို့ ခိုးထုတ်ရောင်းချ ခဲ့ကြောင်း ဝန်ခံခဲ့ရာ ထောင်ဒဏ်သုံးလ အပြစ်ပေးခံခဲ့ ရသည်။

ပြစ်မှုဝန်ခံချက် တစ်စိတ်တစ်ပိုင်း အဖြစ် နောက်ပိုင်းတွင် ကျောက်ဖြစ် ရုပ်ကြွင်းပညာရှင် ပရိုကိုပီ သည် တစ်ကွဲတစ်ပြား ဖြစ်နေသည့် ကျောက်ဖြစ် ရုပ်ကြွင်း အစိတ်အပိုင်း ၂၇ ခုကို ပြန်လည် ရယူနိုင်ရေး အတွက် တာဝန်ရှိသူများကို ကူညီပေး ခဲ့ကြောင်း သိရသည်။

Nicolas Cage returns stolen dinosaur skull to Mongolia

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger