www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, November 24, 2015

အဝေးပြောလမ်းလျှောက် စကားပြောစက် နှစ်ဖက်ပြော ရေဒီယိုနှင့် ပုဂ္ဂလိက WiFi ကွန်ရက်များ တရားမ၀င် အသုံးပြုမှုများကို စောင့်ကြည့်မည်


ရန်ကုန် ၊ ၂၄-၁၁-၂၀၁၅

ပြည်တွင်း၌ မိုဘိုင်းလ်ဖုန်း အသုံးပြုသူ များပြား လာချိန်တွင် ဆက်သွယ်ရေး ကွန်ရက်များကို အနှောင့်အယှက် ဖြစ်စေမည့် အဝေးပြော လမ်းလျှောက် စကားပြောစက်၊ နှစ်ဖက်ပြော ရေဒီယိုနှင့် ပုဂ္ဂလိက WiFi ကွန်ရက်များ တရားမဝင် အသုံးပြုမှုကို စောင့်ကြည့်မည် ဖြစ်ကြောင်း ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

လက်ရှိတွင် လှိုင်းနှုန်းများအား စောင့်ကြည့် စစ်ဆေးမှု ပြုလုပ်ခြင်းကို Mobile Monitoring Unit အနေဖြင့် ရွေ့လျား တိုင်းတာမှု ယာဉ်များဖြင့် လိုက်လံစစ်ဆေး နေပြီး ယခု တိုးချဲ့သွားမည့် စနစ်သည် Fixed Monitoring Unit အနေဖြင့် စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရ သည်။

ယခုတိုးချဲ့ သွားမည့် လှိုင်းနှုန်း စောင့်ကြည့် စစ်ဆေးမှုများသည် ဒစ်ဂျစ်တယ်နှင့် ဂြိုဟ်တုဆိုင်ရာ လှိုင်းနှုန်း အသုံးပြုမှုများ၊ FM ရေဒီယို လှိုင်းနှုန်းများ၊ မိုဘိုင်းလ် ဆက်သွယ်ရေး လှိုင်းနှုန်း အသုံးပြုမှုများ၊ WiFi ကွန်ရက်နှင့် WiMax ကဲ့သို့ အင်တာနက် ဝန်ဆောင်မှုများ ဖြစ်ကြောင်း သိရသည်။ (၄၄၃)

မြ၀တီနေ့စဉ် ၊ စာ(၆)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger