www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, November 11, 2015

သိပံ္ပပညာရပ်တွင် ထိုးဖောက်ပေါက်မြောက် သူများအား ဒေါ်လာ ၃ သန်းတန် Breakthrough Prize ဆုချီးမြှင့်


မော်စကို ၊ ၁၁-၁၁-၂၀၁၅

နိုဝင်ဘာ ၈ ရက်က ရုရှားကုဋေကြွယ် သူဌေး ယူရီမီလ်နာ သည် သိပ္ပံပညာရပ်တွင် ထိုးဖောက် ပေါက်မြောက် သူများအတွက် Breakthrough Prize (၇)ဆု ချီးမြှင့်ခဲ့ရာ ဆုတစ်ဆုလျှင် အမေရိကန် ဒေါ်လာ သုံးသန်းနှုန်း ဖြင့် စုစုပေါင်း ဒေါ်လာ၂၁ သန်း တန်ဖိုးရှိသော ဆုများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။

''ဆုတစ်ဆုကို ဒေါ်လာ သုံးသန်း ဆိုတော့ နိုဘယ်လ်ဆုက ချီးမြှင့် တာထက်တောင် သုံးဆလောက် ရှိနေပါတယ်။ ဒီဆုကို Breakthrough Prize လို့ခေါ်ပါတယ်။ ရုရှား ကုဋေကြွယ် သူဌေးကြီး ယူရီမီလ်နာ ကိုယ်တိုင် လွန်ခဲ့တဲ့ သုံးနှစ်ကစပြီး ဖန်တီးခဲ့တဲ့ ဆုပါ။ ယူရီမီလ်နာ နဲ့အတူ Facebook တည်ထောင်သူ မာ့ခ်ဇတ်ကာဘတ်၊ 23andME တည်ထောင်သူ အန်းဝေဂ်ျစစ်ကီ နဲ့ Google ပူးတွဲတည်ထောင်သူ ဆာဂျီဘရင်း တို့လဲ ပူးပေါင်းပါဝင် ထားပါတယ်။ သိပ္ပံပညာ တိုးတက်မှု တို့အတွက် ပေးအပ် ချီးမြှင့်တဲ့ Breakthrough Prize ဖြစ်ပြီး သုတေသီများ အနေနဲ့ မိမိရဲ့တီထွင် ဖန်တီးမှုများကို ဆက်လက် ဆောင်ရွက်နိုင်ဖို့ ငွေကြေးပံ့ပိုး ပေးရန် ရည်ရွယ်တာ ဖြစ်ပါတယ် '' ဟု Breakthrough Prize ပေးအပ် ချီးမြှင့်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

Breakthrough ဆုကို ရရှိသူများ အနေဖြင့် ဆုကြေးငွေကို ရရှိသကဲ့သို့ ၄င်းတို့ကို ပံ့ပိုး ကူညီခဲ့သူများ ကိုလည်း အသိအမှတ်ပြု ပေးသွားမည် ဖြစ်ကြောင်း၊ Quantum Machanics ၏ အရေးပါသော သဘောတရား ဖြစ်သည့် Theory of Neutrino ကို တွေ့ရှိခဲ့ သူများကို ဆုကြေး သုံးသန်း ချီးမြှင့်ခဲ့သည့် အပြင် ၄င်းတို့ကို ပံ့ပိုးကူညီ ခဲ့သော အထူးကု သမားတော်ကြီး ၁၃၇ဝ ကိုလည်း အသိအမှတ် ဂုဏ်ပြုခဲ့ကြောင်း သိရသည်။

''အဖွဲ့ခေါင်းဆောင် ခုနစ်ဦးက ဆုကြေး သုံးသန်းရဲ့ သုံးပုံနှစ်ပုံကို အညီအမျှ ခွဲဝေယူရ ပါမယ်။ ကျန်ရှိနေတဲ့ ဒေါ်လာ တစ်သန်းကိုတော့ သမားတော်ကြီး တွေကို အညီအမျှ ခွဲဝေပေးမှာမို့ တစ်ယောက်ကို ၇၂၉ ဒေါ်လာခန့် ရရှိမှာဖြစ်ပါတယ်''ဟု ၄င်းတို့က ရှင်းပြသည်။ ''တကယ်တော့ တစ်ယောက်ကို သုံးသန်းစီ ချီးမြှင့်ချင် ပါတယ်။ ဒါပေမဲ့ အဲဒီအဆင့်ထိ မရောက်သေး ပါဘူး။ Breakthrough Prize ဆိုတာကလဲ လူတစ်စု တစ်ဖွဲ့ရဲ့ ကြိုးပမ်းမှုထက် လူအများ ပေါင်းစပ် ပါဝင်တဲ့ အဖွဲ့လိုက် တွေ့ရှိချက်တွေ၊ ကြိုးပမ်း အားထုတ်မှု တွေကို ပိုပြီးချီးမြှင့် ပေးနေတယ် ဆိုတော့ အနာဂတ် မှာလဲ ရရှိတဲ့ ဆုတွေကို အခုလိုပဲ ခွဲဝေယူရဖို့ များပါတယ်''ဟု ယူရီက ရှင်းပြ၍ သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger